
APM၊ မေ ၁၃ / ၂၀၂၃
MOCHA ဆိုင်ကလုန်းမုန်တိုင်းကျရောက်နိုင်သည့် ရက္ခိုင်နန့် အနီးအနားဒေသများမှ လူပေါင်း ၄ သိန်းကျော်အတွက် တလ စာ ပံ့ပိုးနိုင်မည့် စားနပ်ရိက္ခာများကို ကြိုတင်ပြင်ဆင်ထားကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒေနိ(မေ ၁၃ ရ က်နိ)တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ “WFP အနီနန့် MOCHA ဆိုင်ကလုန်းမုန်တိုင်းအခြေအနီကို ဂရုတစိုက် စောင့်ကြည့်လေ့လာနီပြီး တိုက် ခတ်နိုင်ခြေဟိသည့် နယ်မြီဒေသများတွင် အကြီးစားတုံ့ပြန်ရီးလုပ်နိုင်ရန် လူပေါင်း ၄ သိန်းကျော်အတွက် တလစာ စားနပ် ရိက္ခာအပြင် ကယ်ဆယ်ရီး အထောက်အပံ့များ၊ မော်တော်ယာဉ်များနန့် အရေးပေါ်ကယ်ဆယ်ရီးပစ္စည်းကိရိယာများကိုလေ့ ကြိုတင်နီရာချထားသည်”ဟု ဆိုသည်။
ယင်းအပြင် ပေါ်ပေါက်လာနိုင်သော သယ်ယူပို့ဆောင်ရီးနန့် ဆက်သွယ်ရီးဆိုင်ရာ ပြတ်တောက် ကြန့်ကြာလာနိုင်မှုများ အ တွက်လေ့ လူသားချင်း စာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၏ မုန်တိုင်းအတွက်အသင့်ပြင်ဆင်ခြင်းနန့် တုံ့ပြန်မှုလုပ် ငန်းများတွင် သုံးနိုင်ဖို့ ပို့ဆောင်ရီးနန့် ဆက်သွယ်ရီးစနစ်များကို WFP ဝန်ထမ်းများက တပ်ဆင်နီကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
WFP၏ မြန်မာပြည်ဆိုင်ရာ ဒုတိယဌာနီကိုယ်စားလှယ် Sheela Matthew က “WFP အနီနန့် အဆိုးဆုံးအတွက် ကြိုတင် ပြင်ဆင်လျက်ဟိသည့်အပြင် အကောင်းဆုံးဖြစ်လာနိုင်ရန်လေ့ မျှော်လင့်ထားကြောင်း”ပြောသည်။
ယင်းအပြင် မုန်တိုင်းလမ်းကြောင်းသည် ပဋိပက္ခနန့် ဆင်းရဲမွဲတေမှုဒဏ်ခံစားနီရသည့် ခံနိုင်စွမ်းအားနည်းသော ဒေသများသို့ ဦးတည်နီပြီး ယင်းဒေသများမှ ပြည်သူများမှာလေ့ လက်ဟိပုံမှန်အချိန်မှာပင် WFP၏လူသားချင်းစာနာမှု အကူအညီများကို မှီခိုအားထားနီရကာ ၎င်းရို့အနီနန့် နောက်ထပ်ဖီးအန္တရာယ်တခုကို ထပ်မံခံနိုင်စွမ်းဟိမည်မဟုတ်ဟု သူက ဆိုသည်။
MOCHA ဆိုင်ကလုန်းမုန်တိုင်းသည် မေ ၁၄ ရက်နိတွင် ကျောက်ဖြူမြို့နန့် ဘင်္ဂလားဒေ့်ချ်နိုင်ငံ၊ ကော့ဘဇားမြို့အကြား စစ် တွေမြို့အနားက ဖြတ်ကျော်ဝင်ရောက်လားနိုင်ပြီး မုန်တိုင်းဝင်ရောက်ချိန် အမြင့်ဆုံးလီတိုက်နှုန်းမှာ တနာရီလျှင် မိုင် ၁၁၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလီဝသပညာသျှင်များက ခန့်မှန်းထားသည်။
အမျိုးသားသဘာဝဖီးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရက္ခိုင်ပြည်မြို့နယ် ၇ ခုကို မုန်တိုင်းအန္တရာယ်ကျရောက်နိုင် ခြေမြင့်မားသည့် “အနီရောင်အဆင့်”ဒေသများအဖြစ် သတ်မှတ်ထားသည်။
Photo – WFP



