(အားအလွန်ကောင်းသောအဆင့်နန့် စစ်တွေအနားက ဖြတ်ကျော်နိုင်)
APM ၊ မေ ၁၃ /၂၀၂၃
MOCHA ဆိုင်ကလုန်းမုန်တိုင်းသည် အားအလွန်ကောင်းသောအဆင့်နန့် စစ်တွေမြို့အနားက ဖြတ်ကျော်နိုင်သည့်အတွက် အနီရောင် အဆင့်ဟုသတ်မှတ်ကြောင်း မိုးလီဝသနန့် ဇလဗေဒ ဦးစီးဌာန(မိုး/ဇလ)က ဒေနိ(မေ ၁၃ ရက်နိ) မိုးထ ၇ နာရီ တွင်ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ “ အနီရောင်အဆင့်သည် မုန်တိုင်းမဖြတ်ကျော်မီ ၁၂ နာရီအလိုအချိန်ဟု သတ်မှတ်ထားကေလေ့ ယခု ဖြစ်ပေါ်နီသော အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း MOCHA သည် ရက္ခိုင်ကမ်းရိုးတန်းကို စစ်တွေ မြို့အနားက အားအလွန်ကောင်းသောအဆင့်နန့် ဖြတ်ကျော်နိုင်သည့်အတွက် အနီရောင်အဆင့်ဟု သတ်မှတ်သည်”ဟု ဆိုသည်။
ယင်း MOCHA ဆိုင်ကလုန်းမုန်တိုင်းသည် မိုး/ဇလ၏ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဖက် ရီမိုင် ၂၆၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဖက် ရီမိုင် ၃၀၅ မိုင်ခန့်၊ စစ်တွေ မြို့၏ အနောက်တောင်ဖက် ရီမိုင် ၃၅၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား၏ မြောက်- အနောက်မြောက်ဖက် ရီမိုင် ၃၁၅ မိုင် ခန့်နန့် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင်-အနောက်တောင်ဖက် ရီမိုင် ၃၈၅ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟို ပြုနီကြောင်း သိရသည်။
လက်ဟိ၌ မုန်တိုင်း၏ ဗဟိုချက်လီဖိအားမှာ ၉၆၄ ဟက်တိုပါစကယ်နန့် အမြင့်ဆုံးလီတိုက်နှုန်းမှာ တနာရီလျှင် ၁၀၅ မိုင်မှ ၁၁၅ မိုင်နှုန်းခန့် ဖြစ်ပြီး မေ ၁၄ ရက်နိ နိခင်းပိုင်း၌ ကော့ဘဇားမြို့နန့် ကျောက်ဖြူမြို့အကြား စစ်တွေမြို့အနားက ဖြတ် ကျော်ဝင်ရောက်နိုင်သည်ဟု မိုး/ဇလက ခန့်မှန်ထားသည်။
မုန်တိုင်းအဟိန်ကြောင့် ဒေနိကစ၍ မေ ၁၄ ရက်နိအတွင်း ရက္ခိုင်ကမ်းရိုးတန်းတလျှောက်နန့် ကမ်းလွန်ပင်လယ်ပြင်ရို့တွင် မိုးသက်လီပြင်းများကျရောက်ပြီး မိုးသက်လီပြင်းကျစဉ် ရီပြင်/မြီပြင်လီသည် တနာရီလျှင် မိုင် ၉၀ မှ ၁၁၀ ခန့်အထိ တိုက် ခတ်နိုင်ကာ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဟုလေ့ မိုး/ဇလ က ဆိုသည်။
မုန်တိုင်းဖြတ်ကျော်စဉ်အတွင်း စစ်တွေခရိုင်၊ မောင်တောခရိုင် မြစ်ဝ၊ မြစ်လက်တက်များအတွင်း ဖြားရီအမြင့် ၁၄ ပေမှ ၁၈ ပေခန့်အထိနန့် ကျောက်ဖြူခရိုင်ဟိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၁၀ ပေမှ ၁၄ ပေခန့်အထိ မြင့်တက်လာနိုင်ပြီး မြီပြို ခြင်းများ၊ ရီကြီးရီလျှံမှုများ ဖြစ်ပေါ်လာနိုင်၍ ကုန်မြင့်ဒေသအနားတွင် ထိုင်သူများ၊ ကမ်းရိုးတန်းတလျှောက် နီထိုင်သူများ အနီနန့် ကြိုတင်သတိပြုကတ်ပါရန် မိုး/ဇလက တိုက်တွန်းထားသည်။
Photo – မိုး/ဇလ