APM ၊ ဧပြီ ၁၃ / ၂၀၂၄
ကျောက်ဖြူမြို့၊ ကုလားပိုက်ဆိပ်ရပ်ကွက်၊ မီးလောင်ကွင်းစုက ဒေသခံပြည်သူရို့ပိုင်ဆိုင်ရေ နီအိမ်တိကို ဧပြီ ၁၂ ရက်နိ၊ ညဇာ ၃ နာရီခွဲလောက်ကပင် အကြမ်းဖက်စစ်ကောင်စီက အကြမ်း ဖက်စီနင်းဝင်ရောက်လာပြီးကေ ဘက်ဟိုးတစီးနန့် ဖြိုဖျက်လျက်ဟိရာ ဒေနိ(ဧပြီ ၁၃ ရက်နိ) မိုးထ ၁၀ နာရီခွဲအချိန်ထိ နီအိမ် ( ၁၅၀) ကျော် အကြမ်းဖက်ဖျက်ဆီးခံထားရရေလို့ သိရပါရေ။
ဧပြီ ၁၂ ရက်နိ၊ ညဇာ ၃ နာရီခွဲလောက်ကစလို့ ယင်းကုလားပိုက်ဆိပ်ရပ်ကွက်၊ မီးလောင်ကွင်းစုဟိ နီအိမ်တိကို အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်၊ ရဲ၊ ထွေအုပ်၊ စည်ပင်၊ မြီစာရင်း ဌာနတိက ပူးပေါင်းအင်အား ၃၀ လောက်စွာ အကြမ်းဖက်စီနင်းဝင်ရောက်လာပြီးကေ ဘက်ဟိုးတစီးနန့် အဓမ္မ ဖြိုဖျက်နီစွာဖြစ်ပါရေ။
ဒေနိမိုးထ ၈ နာရီလောက်ကလည်း ယက်းအကြမ်းဖက်စစ်ကောင်စီ ဌာနပေါင်းစုံ ပူးပေါင်းအဖွဲ့စွာ စစ်မှုထမ်းမူဆလင် ၁၀ ယောက်ကိုပါ ထပ်ခေါ်ယူခပနာ စစ်ကားကြီး ၁ စီး ၊ ရဲကား ၁ စီးနန့် မီးလောင်ကွင်းစုကို ထပ်ရောက်လာပြီးကေ နီအိမ်တိကို ဆက်လို့ဖြိုဖျက်ခကတ်ရာ မိုးထ ၁၀ နာရီ ခွဲအချိန်ထိ နီအိမ် ၁၅၀ ကျော် အကြမ်းဖက်ဖြိုဖျက်ခံထားရပြီးဖြစ်တေလို့ မျက်မြင်ဒေသခံတိကပြောပါရေ။
နောက်ထပ်လည်း ယင်းရပ်ကွက်ဟိ မဖြိုဖျက်ရသိမ့်ရေ နီအိမ်တိကို ဆက်လို့ ဖြိုဖျက်လျက်ဟိရေပိုင်၊ အိမ်ပိုင်သျှင်တိကို ကိုယ်တိုင်ဖြိုဖျက်ခိုင်းထားရေနီအိမ်တိလည်း ဟိကြောင်းသိရပါရေ။
အလားတူ ယင်းအကြမ်းဖက်စစ်ကောင်စီဌာနပေါင်းစုံ ပူးပေါင်းအဖွဲ့စွာ ကျောက်ဖြူမြို့၊ ရက္ခိုင်ပိုက်ဆိပ်ရပ်ကွက်၊ ဆားပြင်ကွင်းစု၊ ငါးကန်ဘောင်က နီအိမ် ၄၀၀ ကျော်ကိုလည်း ဧပြီ ၁၈ ရက်နိမာ နောက်ဆုံးထားပြီးကေ ဖြိုဖျက်ပီးရဖို့လို့ ခြိမ်းခြောက်စီခိုင်းနီကြောင်း ဒေသခံတိ ပြောကြားချက်အရ သိဟိရပါရေ။