APM ၊ ဧပြီ ၁၃ / ၂၀၂၃
ခြီးစွမ်းမတည်ငြိမ်မှုများနန့် ဂိုးပေါက်ပျောက်ဆုံးနီမှုကြောင့် မကြာမကြာဝေဖန်ခံနီရသည့် တိုက်စစ်မှူး အန်တိုနီ သည် အသင်းအတွက် အရေးကြီးသည့်ပွဲစဥ်များတွင် အဆုံးအဖြတ်ဂိုးများကိုသွင်းယူပီးထားသည့် ကဇတ်သမားဟု မန်ယူနည်းပြ တန်ဟက်ဂ် က ချီးမွှမ်းပြောဆိုသည်။
“အန်တိုနီက ပရီးမီးယားလိဂ်မှာ အောက်တိုဘာလကပင် ဂိုးမသွင်းနိုင်သိမ့်ပါ။ ယေကေလေ့ ဘက်တစ်နန့်ယူရိုပါ လိဂ်ပွဲမှာ အရေးကြီးရေဂိုးကို သူသွင်းပီးခပါရေ။ ခက်ခဲရေဘာစီလိုနာနန့် ပွဲမှာလေ့ သူဂိုးသွင်းနိုင်ခပါရေ။ သူလုပ်နိုင်စွာကို ကျနော်ရို့ သိပါရေ။ ယေဇူးနန့် သူ့ခြီစွမ်းနန့်ပတ်လို့ စိုးရိမ်စရာမဟိပါ။ သူကငယ်ရွယ်ပြီးကေ စိန်ခေါ်မှုတိကို နှစ်သက်ရေ ကဇတ်သမား တယောက်ပါ”ဟု တန်ဟက်ဂ်က ဆိုသည်။
နည်းပြတန်ဟက်ဂ်နန့် အန်တိုနီသည် အေဂျက်စ်အသင်းတွင်လက်တွဲခသည့် ဆရာနန့်တပည့်ဖြစ်ပြီး မန်ယူသို့ တန်ဟဂ် ရောက်လာ ပြီးနောက် ပြောင်းရွှိကြေး ပေါင် ၈၅.၅၁ သန်းနန့် ခေါ်ယူထားခြင်းဖြစ်ကာ ဒေရာသီ ပြိုင်ပွဲစုံ ၂၉ ပွဲတွင် ၇ ဂိုးရာ သွင်းယူပီးထားသည်။
မန်ယူသည် လက်ဟိတွင် ပရီးမီးယားလိဂ်အပြင် FA ဖလားဆီးမီးဖိုင်နယ်နန့် ယူရိုပါလိဂ်ကွာတား ဖိုင်နယ်ပြိုင်ပွဲ များလေ့ ယှဥ်ပြိုင်ရန် ကျန်ဟိနီပြီး ဒေနိ(ဧပြီ ၁၃ ရက်နိ)ညည့်၌ ယူရိုပါလိဂ်ကွာတား ဖိုင်နယ်ပထမ အကျော့ပွဲစဉ်အဖြစ် ဆီဗီလာ အသင်းနန့် ကဇတ်ရမည်ဖြစ်သည်။
Source – TAN HAG PRAISED THAT ANTHONY RARELY SCORED IN IMPORTANT MATCHES FOR MANCHESTER UNITED
Photo – Metro