APM ၊ ဧပြီ ၁၃ / ၂၀၂၃
မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ရွာသစ်မှ လူမိုက်ဂိုဏ်းကို အာရက္ခပြည်သူ့အစိုးရက ဖမ်းဆီးအရေးယူခြင်း နန့်ပတ် သက်၍ မြောက်ဦးမြို့နယ် အစ္စလာမ်သာသနာရီးကောင်စီ၊ အိုလမာအစ္စလာမ်သာသနာ ပညာသျှင်များ အဖွဲ့နန့် မူဆလင်ရွာ ၁၃ ရွာ တာဝန်ဟိသူများက ဧပြီ ၁၂ ရက်နိတွင် သဘောထားထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် “ပေါင်းတုတ်ရွာသစ်ကျေးရွာနီ ဦးကျော်ဘော်ဦးဆောင်သော လူမိုက်ဂိုဏ်းအဖွဲ့သည် မြို့နယ် အတွင်း လူမိုက်ဂိုဏ်း အဖွဲ့အဖြစ် ပြစ်မှုကျူးလွန်နီသည်မှာ နှစ်အင်တန်ကြာနီပြီးဖြစ်သည့်အပြင် ၂၀၂၃ ခုနှစ်၊ မာ့ချ် ၃၀ ရက်နိကလေ့ ပေါင်းတုတ်ရွာသစ် ရာအိမ်မှူးဦးနော်ရော်လောက်အား ဦးကျော်ဘော်အဖွဲ့မှ ဝိုင်းပြီးအနိုင်ကျင့် သဖြင့် ဦးနော်ရော်လောက်မှာ ပြင်းထန်ဒဏ်ရာရဟိလားပါသည်” ဟုဖော်ပြထားသည်။
ဦးနော်ရော်လောက်မိသားစုမှ အာရက္ခပြည်သူ့အစိုးရ ရဲဌာန၌ အမှုဖွင့်တိုင်ကြားသဖြင့် မာ့ချ် ၃၁ ရက်နိတွင် တရားခံ ဦးကျော်ဘော်အား လာရောက်ဖမ်းဆီးရာ ဦးကျော်ဘော်ရို့အဖွဲ့မှာ အကြမ်းဖက် ဆန်ဆန်တိုက်ခိုက်သဖြင့် ကားသမား ဦးသန်းထွန်းမောင် အသက်အန္တရာယ်စိုးရိမ်ရအောင်ထိ ပြင်းထန်ဒဏ်ရာ ရဟိလားကြောင်းလေ့ ထုတ်ပြန်ချက်က ဆိုသည်။
ယင်းအပြင် “အစ္စလာမ်ဘာသာရီးခေါင်းဆောင်များ၊ မူဆလင်အုပ်ချုပ်ရီးအဖွဲ့များနန့် မူဆလင်ရွာ (၁၃) ရွာကိုယ် စားပြု ပုဂ္ဂိုလ်များအစည်းအဝေးထိုင်၍ ဦးကျော်ဘော်ရို့လူမိုက်ဂိုဏ်းကို အညံ့ခံ အဝင်ခံရန်အတွက် မိသားစုများ နန့် ကမ်းလှမ်း ညှိနှိုင်းမှု အကြိမ်ပေါင်းများစွာ ကြိုးပမ်းခကေလေ့ ၎င်းရို့အဖွဲ့မှာ ညှိနှိုင်းဖြေယှင်းရန် လုံးဝ(လုံးဝ) လက်ခံခြင်း မဟိခပါ” ဟုလေ့ ထုတ်ပြန်ချက်တွင်ပါဟိသည်။
ယင်းကြောင့် ဧပြီ ၅ ရက်နိတွင် အာရက္ခပြည်သူ့အစိုးရ ရဲတပ်ဖွဲ့ဝင်များနန့် လူမိုက်ဂိုဏ်းကို မလိုလားသော မူဆလင် (၁၃)ရွာမှ တာဝန်ဟိပုဂ္ဂိုလ်များပူးပေါင်းပြီး ဦးကျော်ဘော်ဦးဆောင်သော လူမိုက်ဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရခြင်း ဖြစ်ကြောင်း၊ ရက္ခိုင်ပြည်တွင်း အီးချမ်းစွာနီထိုင်လိုသော မူဆလင်များနန့် ရက္ခိုင်လူမျိုးများကြား သဟဇာတဖြစ် မှုနန့် အတူတကွယှဉ်တွဲ နီထိုင်ရီးကို လုပ်ဆောင်နီသော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA အား မူဆလင်အသိုင်းအဝိုင်းများမှ ကြိုဆိုထောက်ခံကြောင်းနန့် ULA/AA မှ လုံခြုံရီး၊ အုပ်ချုပ်ရီး၊ တရားစီရင်ရီး ဆောင်ရွက်နီစဉ်အတွင်း လူမျိုး/ဘာသာ မခွဲခြားဘဲတရားမျှတမှုဟိဟိ စီမံဆောင်ရွက်နီသည်ကို ဝမ်းသာအားရ ကျေနပ်မှုဟိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ပေါင်းတုတ်ရွာသစ် ဖြစ်စဉ်၌ ကားသမား ဦးသန်းထွန်းမောင် ဓားခုတ်ခံရခြင်းနန့် ပတ်သက်ပြီး မူဆလင်အသိုင်း အဝိုင်း များမှ ၎င်း၏မိသားစုနန့် ထပ်တူထပ်မျှ ခံစားဝမ်းနည်းမိပါကြောင်းနန့် ဧပြီ ၅ ရက်နိ တရားခံကျော်ဘော်ရို့ကို ဖမ်းဆီးချိန် တွင် တရားခံဦးကျော်ဘော်၏ ဇနီး ဒေါ်ကော်လီမော်နီဆားလေ့ တရားခံများနန့်အတူဟိနီ၍ ဖမ်းဆီးရန် လာသော တာဝန် ဟိရဲတပ်ဖွဲ့ဝင်များကို အုပ်စုလိုက်ဝိုင်းဝန်းလျက်တုတ်၊ ဓား၊ ဂျင်ကလိမြှားစူးများဖြင့်ခုခံ တိုက်ခိုက် ကတ်သဖြင့် ဒေါ်ကော်လီ မော်နီဆားမှာလေ့ ဒဏ်ရာရဟိကာ ၎င်းနိညဇာတွင် သီဆုံးလားသည့်အတွက် အစ္စလာမ် ဘာသာဝင်ရို့၏ ဓလိထုံ တမ်းစဉ် လာအရ သင်္ဂြိုလ်လိုက်သည်ဟုသိဟိရပါသည်။ ဒေါ်ကော်လီမော်နီဆား သီဆုံးမှု နန့်ပတ်သက်ပြီး ၎င်းရို့၏ မိသားစုနန့် ထပ်တူထပ်မျှ ခံစားဝမ်းနည်းမိပါကြောင်း၊ ဖမ်းဆီးခံရသူများအနက် အပြစ် မဟိသူများကို ပြန်လည် လွှတ်ပီးရန် တောင်းဆိုအပ်ပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။
အလားတူ Internet Online ပေါ်တွင် ဓာတ်ပုံအမှားများဖြင့် ဝါဒဖြန့်နီခြင်းသည် သတင်းအမှားများဖြစ်ကြောင်းလေ့ မြောက်ဦးမြို့နယ် အစ္စလာမ် သာသနာရီးရာကောင်စီ၊ အိုလမာအစ္စလာမ် သာသနာပညာသျှင်များ အဖွဲ့နန့် မူဆလင် ၁၃ ရွာမှ အုပ်ချုပ်ရီးအဖွဲ့များ၏ ဧပြီ ၁၂ ရက်နိ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြပါဟိပါသည်။