
APM ၊ ဧပြီ ၁၃ / ၂၀၂၃
ဒိုင်းနက် (ခေါ်)သက္ကမလူမျိုးများ၏ (၁၂)ကြိမ်မြောက် ရိုးရာပန်းမျှောပွဲကို ရက္ခိုင်ပြည်မြို့နယ် ၃ ခုတွင် ဧပြီ ၁၂ ရက်နိမှ ဒေနိ(ဧပြီ ၁၃ ရက်နိ)အထိ နှစ်ရက်တိုင်တိုင် တပြိုင်နက်တည်း ကျင်းပပြုလုပ်ခကြောင်း သိရသည်။
အဆိုပါ ရိုးရာ ပန်းမျှောပွဲကို ဒိုင်းနက်(ခေါ် )သက္ကမ စာပီနန့် ယဉ်ကျေးမှု အသင်းမှ ဦးဆောင်၍ ပုဏ္ဏားကျွန်းမြို့နယ် သျှင်တော်ရွာ၊ ဘူးသီးတောင်မြို့နယ်၊ အင်းချောင်းရွာနန့် မြောက်ဦးမြို့နယ်မှ နန်းကျားရွာရို့တွင် ကျင်းပပြုလုပ်ခ ခြင်းဖြစ်သည်။
အခမ်းအနားကို ဧပြီ ၁၂ ရက်နိညဇာက ရက္ခိုင်မျိုးနွယ်စုများ၏ ရိုးရာအကများဖြင့် စတင်ဖွင့်လှစ်ခပြီး ဒေနိ မိုးထ ၈ နာရီကျော်ခန့်၌ ဒိုင်းနက်မျိုးနွယ်စုဝင်များမှ ပန်းမျှောခကတ်ကာ ဒေနိ ၁၀ နာရီခန့်၌ ပွဲကျင်းပပြီးစီးခကြောင်း ပွဲဖြစ် မြောက်ရီးကော်မတီက ပြောသည်။
ရိုးရာပန်းမျှောပွဲကို တခြားမျိုးနွယ်စုဝင်များနန့် အရပ်ဖက် အဖွဲ့အစည်း များမှလေ့ တက်ရောက်ဆင်နွှဲခကတ်သည်။
ပွဲစီစဉ်ကျင်းပရခြင်းမှာ ဒိုင်းနက်ရိုးရာဓလိများကို မပျောက်ပျက်အောင် ထိန်းသိမ်းရန်နန့် လူတိုင်း ကျန်းမာရီး၊ စားဝတ်နီရီး၊အလုပ်အကိုင်များ အဆင်ပြေစီရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရီးကော်မတီက ဆိုသည်။
ရိုးရာပန်းမျှောပွဲကို ၂၀၁၂ ခုနှစ်မှစ၍ မင်းပြားမြို့နယ်တွင် ပထမအကြိမ် ကျင်းပပြုလုပ်ပြီးနောက် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနန့် ဘူးသီးတောင်မြို့နယ်ရို့တွင် နှစ်စဉ်နှစ်တိုင်းကျင်းပ လာခြင်းဖြစ်ကာ ဒေနှစ်တွင် (၁၂) ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
Photo – DMG



