
APM ၊ ဧပြီ ၁၃ / ၂၀၂၃
ရက္ခိုင်ပြည်အခြီစိုက် သတင်းမီဒီယာသမားများကို စစ်ကောင်စီမှ ဖိနှိပ်မှုများ ပို၍လုပ်ဆောင်လာကြောင်း သတင်းမီဒီယာ အသိုင်းအဝင်းများထံမှ သိရသည်။
ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီအဖွဲ့ဝင်များ၏ လူ့အခွင့်အရီးချိုးဖောက်မှုများကို ရွီးသားဖော်ထုတ်ခကတ်သည့် ရက္ခိုင် ပြည် အခြီစိုက်သတင်းမီဒီယာဌာနများ၊အယ်ဒီတာချုပ်များနန့် သတင်းထောက်များ ကို ဆက်သွယ်ရီးဥပဒေ ပုဒ်မ၊ မြန်မာ ပြည် အကြည်ညိုပျက်စီမှုပုဒ်မ စသည်ရို့အပါအဝင် ပုဒ်အမျိုးမျိုး၊ ဂေါင်းစဉ် အမျိုးမျိုးဖြင့်တရားစွဲဆို လျက်ဟိကြောင်း ပြောသည်။
လက်ဟိ၌ ရက္ခိုင်အခြီစိုက်သတင်းမီဒီယာများဖြစ်သည့် Narinjara၊ Development Media Group (DMG)၊ Western News စသည့်သတင်းဌာနများကို စစ်ကောင်စီမှ တရားစွဲဆိုထားပြီး အဆိုပါဌာနများမှ တာဝန်ဟိသူများ နန့် သတင်းသမား များမှာလေ့ တိမ်းယှောင်နီရသည်။
ယင်းအပြင် စကစဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေနှစ်အတွင်း ရက္ခိုင်သို့ (၃) ကြိမ်တိုင်တိုင်လာ ရောက်ခပြီး ရက္ခိုင်ပြည်ဟိ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စီးပွားရီးလုပ်ငန်းသျှင်များနန့် ဒေသခံရက္ခိုင် ပြည်သူများကို မက်လုံးပီး စည်းရုံးခ သည်။
အဆိုပါကိစ္စနန့် ပတ်သက်၍ သတင်းများ၊ သုံးသပ်ဝေဖန် ချက်များ ရွီးသားတင်ပြခကတ်သည့် ရက္ခိုင်ပြည်အခြီစိုက် သတင်းမီဒီယာဌာနများမှ တာဝန်ခံများနန့် သတင်းသမားများကိုလေ့ စစ်ကောင်စီမှ ဖမ်းဆီးရန် စောင့်ကြည့်နီ ကြောင်း စစ်ကောင်စီ၏ ရခိုင့်နေ့စဉ် သတင်းစာမျက်နှာတွင် ဧပြီ ၂ ရက်နိက ခြိမ်းခြောက်ရွီး သားခသည်။
ယင်းသို့ခြိမ်းခြောက်ခံရမှုများကြောင့် ရက္ခိုင်အခြီစိုက် သတင်းဌာနများမှာ သတင်းရုံးခန်းများအတည်အကျမဟိဘဲ လျှို့ဝှက်စွာ လုပ်ဆောင်နီရ၍ သတင်းလိုက်ခြင်း၊ သတင်းထုတ်လုပ်မှုများ၌ အခက်ခဲများဟိနီကာ လုံခြုံရီးအတွက်လေ့ စိုးရိမ်နီရကြောင်း သတင်းသမားများကဆိုသည်။
လက်ဟိ ရက္ခိုင်ပြည်မှာ စစ်ကောင်စီ၏ သတင်းများကို ရွီးသားဖော်ပြခမှုကြောင့် တရားစွဲခံထားရသည့် သတင်းထောက်/ သတင်းသမားများ စုစုပေါင်း ၉ ဦးထက်မနည်းဟိနီပြီး လက်ဟိ အချိန်ထိ တိမ်းယှောင်နီ ကတ်ရသိမ့်ကြောင်း သိဟိရပါ သည်။
