
APM ၊ မာ့ချ် ၁၃ / ၂၀၂၅
မောင်တောမြို့နယ်မာ ဒေနိ( မာ့ချ် ၁၃ ရက်နိ )၊ မွန်းတည့်လောက်က အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ် ထောင်ထားခရေ စစ်ကျန်မိုင်းတလုံးကို နင်းမိရာက ပေါက်ကွဲမှုဖြစ်ပနာ ငါးရှာထွက်လာရေ ဒေသခံတယောက် ခြီတဖက်ပြတ်ထွက်လားရေလို့ ဒေသခံတိက ပြောပါရေ။
ခြီတဖက်ပြတ်ထွက်လားရေလူကတော့ မောင်တောမြို့နယ်၊ ရွှီဇားအနောက်(မူဆလင်)ရွာက မာမောက်ယာဆိမ့် (၁၈ နှစ်) ဖြစ်ပါရေ။
မာမောက်ယာဆိမ့်စွာ ဒေနိ မွန်းတည့် ၁၂ နာရီလောက်က ငါးရှာဖို့အတွက် တရွာတည်းသားတိဖြစ်ကတ်တေ မာမောက်ဂျူဘိုရ် ၊ ကာယာစ် ၊ ယာစရ်အမတ်၊ ရှော်ဘူကာလောမ် ၊ခေါ်ယောနူရ် နန့် မာမောက်တူဆောင်းရို့နန့်တတူ ရွာကထွက်လာစဉ် ရွာအနောက်ဖက်ဟိ ရွာခြံစည်းရိုးနားအရောက်မာ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ် ထောင်ထားခရေ မိုင်းကို နင်းမိခစွာဖြစ်ကြောင်း တတူပါလာရေ ရွာသားတယောက်က ပြောပါရေ။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် မာမောက်ယာဆိမ့်၏ ဘယ်ဖက်ခြီထောက်ပြတ်ထွက်လားပနာ၊ ဘယ်ဖက်မျက်လုံးတဖက်မာလည်း မိုင်းစထိမှန်ပနာ ဆုံးယှုံးလားခကြောင်း ဆိုပါရေ။
လက်ဟိ ဒဏ်ရာရလားခရေ မာမောက်ယာဆိမ့်မာ အရေးပေါ်ဆီးကုသမှုခံယူနီရရေလို့ သိဟိရပါရေ။
တဖက်မာလည်း အာရက္ခတပ်တော် AA အနီနန့် မြို့သိမ်းတိုက်ပွဲတိ ပြီးရေအချိန်လောက်ကပင် မြီမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်း နန့် စစ်ကျန်လက်နက် အန္တရာယ် ပပျောက်ကင်းစင်ရီးအတွက် မိုင်းနန့် စစ်ကျန်လက်နက်အန္တရာယ်ယှင်းလင်းရီး လုပ်စွာတိ၊ မိုင်း အသိပညာပီး ဟောပြောပွဲတိ၊ မိုင်းပညာပီးလက်ကမ်းစာစောင်တိဖြန့်ဝီစွာ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပီးစွာတိကို တစိုက်မတ်မတ် ဆက်တိုက် လုပ်ဆောင်လို့ဟိနီပါရေ။
Photo- CJ
