
APM ၊ မာ့ချ် ၁၃ / ၂၀၂၄
ရက္ခိုင့်တပ်တော် AA အနီနန့် ရသေ့တောင်မြို့ကို အပြီးအပြတ်သိမ်းပိုက်ရဟိနိုင်ရီးအတွက် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နီပြီးကေ အကြမ်းဖက်စစ်ကောင်စီဖက်ကလည်း ရသေ့တောင် လက်မလွှတ်ရရီး ကြည်း၊ ရီ၊ လီ ပူးပေါင်းပနာ အသည်းအသန် ခုခံကာကွယ်လျက်ဟိကြောင်း ရက္ခိုင့်တပ်တော်က မာ့ချ် ၁၂ ရက်နိ၊ ညည့်မာ သတင်း ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အတွင်းမာ”ရသေ့တောင် ထိုးစစ်သည်ကား အယင်ရက်များကဲ့သို့ မိမိရို့မှ ထိုးစစ်အဟိန်မြှင့်တင်နီပိုင် စစ်ကောင်စီဖက်မှလည်း ကြည်း၊ ရီ၊ လီ ဖြင့် အသည်းအသန် ခုခံကာကွယ်လျက်ဟိသည် လို့ဖော်ပြထားပါရေ။
အကြမ်းဖက်စစ်ကောင်စီစွာ ရသေ့တောင်မြို့မကျစီရီးအတွက် လီကြောင်း၊ ရီကြောင်း လက်နက်ကြီးပစ်ကူ အမြောင်အမြား သုံးပနာ အလူးအလဲ အသည်းအသန်း ခုခံကာကွယ်နီရပါရေ။
မာ့ချ် ၁၂ ရက်နိ၊ မိုးထ ၁၀ နာရီ ၃၀ မိနစ်ခန့်ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်တွေမြို့အခြီစိုက် အမှတ်(၁၂)ရဲတပ်ရင်း၊ စစ်တွေမြို့နယ်၊ ပါဒလိတ်အခြီစိုက် ခမရ (၃၄၄) နန့် ခမရ(၂၃၂)၊ ကြွီတဲပိုက်ဆိပ်၊ အမြင့်ကျွန်းရဲစခန်းရို့ကနီ ရသေ့တောင်မြို့ထဲသို့ လက်နက်ကြီး၊ အတွဲလိုက်ဒုံးတိနန့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နီပါရေ။
မင်းပြားမာတော့ မာ့ချ် ၁၂ ရက်နိ တိုက်ပွဲတိမဟိကေလေ့ အကြမ်းဖက်စစ်ကောင်စွာ ယုတ်မာစွာနန့် မင်ပြားမြို့ထဲကို လီကြောင်းက ဗုံးကြဲတိုက်ခိုက်ခလို့ အရပ်သားပြည်သူ နှစ်ယောက် သီဆုံးပနာ ထိခိုက်ဒဏ်ရာရဟိလူအချို့ဟိခရေလို့ သိရပါရေ။
ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီစွာ အမ်းမြို့နယ်၊ ရူးတိုက်နယ်၊ ရီဘုတ်ရွာအနားဟိ သံကြိုးတောင်ကို ရဟတ်ယာဉ် (၁) စီးထက်က စက်သီနတ်နန့် မာ့ချ် ၁၂ ရက်နိ၊ ညဇာ (၅) နာရီခန့်ကစတင်ပြီးကေ (၈) ကြိမ်ခန့် မိနစ်နှစ်ဆယ်အတွင်း လှည့်ပတ်ပစ်ခတ်လားခရေလို့ ရက္ခိုင့်တပ်တော်ကဆိုပါရေ။
အကြမ်းဖက်စစ်ကောင်စီ၏ ရာဇဝတ်မှုတိစွာ တရက်ပြီးတရက် ပိုလို့ ဆိုးဝါးလာခြင်းနန့်အတူ ပိုလို့အတင့်ရဲစွာ ကျူးလွန်လျက်ဟိကြောင်းလည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
