
APM၊ မာ့ချ် ၁၃ /၂၀၂၄
မောင်တောမြို့နယ်မာ ARSAအကြမ်းဖက်အဖွဲ့က ခရီးလားပြည်သူတိအပေါ် ဖမ်းဆီးငွေညှစ်၊ ဒါးမြတိုက်၊ လူသတ်၊ ပြန်ပီးဆွဲ၊ ခိုးဆိုးလုယက်လျက်ဟိရာ မာ့ချ် ၁၂ ရက်နိမာလည်း ARSA အကြမ်းဖက်အဖွဲ့စွာ ဘင်္ဂလားဒေ့ချ်ဖက်သို့ ကနန်းလားပို့ရေ ဟွန်ဒါတစီးကို ဖမ်းဆီးငွေညှစ် ဒါးမြတိုက်ခကတ်ကြောင်း သတင်းရဟိပါရေ။
ARSA အဖွဲ့၏ ဖမ်းဆီး ငွေညှစ် ဒါးမြတိုက် ခံလိုက်ရလူကတော့ မောင်တောမြို့နယ်၊ ငခူရရွာက တေဘော့တူလာ ဆိုသူဖြစ်ပါရေ။
ဖြစ်စဉ်မာ တေဘော့တူလာစွာ မာ့ချ် ၁၂ ရက်နိ၊ မိုးထ ၁ဝ နာရီအချိန် အောက်ပြူးမရွာကဟွန်ဒါတစီး ငှားယူပြီးကေ ဘင်္ဂလားဒေ့ချ်ဖက်သို့ ကနန်းလားပို့ရာ ကျီးကျွန်းတောင်ဖက်မီတာ (၃၅၀၀)ခန့်အကွာရောက်ခါ ARSA အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးစွာကို ခံလိုက်ရပါရေ။
ARSA အကြမ်းဖက်အဖွဲ့က ဘင်္ဂလာငွေ တာကာတသိန်း ပီးကေပီး၊ မပီးကေပြန်မလွှတ် ဆိုရေအတွက် တေဘော့တူလာဘားက ဘင်္ဂလားဒေ့ချ်တာကာငွေ တသိန်းတိတိကိုပီးရေအတွက် ARSA က သူ့ကို ယင်းနိ၊ နိခင်း ၁ နာရီ ၃၀ မိနစ်အချိန် ပြန်လွတ်ပီးလိုက်တေလို့ သိရပါရေ။
ARSA အကြမ်းဖက်အဖွဲ့စွာ မောင်တောခရိုင်အတွင်းမာအရပ်သားပြည်သူတိအပေါ် အလားတူ ဖမ်းဆီး၊ ငွေညှစ်၊ ဒါးမြတိုက်၊ လူသတ်၊ ပြန်ပီးဆွဲ၊ ခိုးဆိုးလုယက် မှုပေါင်း မြောက်မြားစွာကို လက်ရဲဇက်ရဲ ဗြောင်ကျကျ ကျူးလွန်လျက်ဟိကြောင်းလည်း သိရပါရေ။
