
(မာ့ချ် ၆ ရက်နိ မှ မာ့ချ် ၁၂ ရက်နိ အထိ)
၁။ ၆ – ၃ – ၂၀၂၃ (တလင်းလာ)
မင်းပြားတွင် ဥက္ကပျံရပ်ကွက်မှ မာ့ချ် ၆ ရက်နိ မိုးထက မီးလောင်မှုတခုဖြစ်ခပြီး နီအိမ် ၄ လုံး ပျက်စီးဆုံးယှုံးလားကြောင်း သိရသည်။
၂။ ၇ – ၃ – ၂၀၂၃ (အင်္ဂါ)
(၁) မြေပုံမြို့၊ သင်္ဘောဆိပ်ရပ်ကွက်က ဒေါ်ချယ်ရီသန်း (၂၄ နှစ်)သည် ကျန်းမာရီးမကောင်း၍ ရန်ကုန်၌ ဆီးကုသမှုခံယူနီရသည့် မိခင်ဖြစ်သူအားပြုစုရန် လားရောက်စဉ် ရန်ကုန်တွင် ပျောက်နီကြောင်း မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။
(၂) ရက္ခိုင်ပြည်အတွင်းတိုက်ပွဲများကြောင့်နီရပ်စွန့်ခွာတိမ်းယှောင်လာကတ်ရသည့် စစ်ဖီးယှောင်များကို လုံခြုံရီး အာမခံချက်မပီးဘဲ နီရပ်ပြန်ရန် စစ်ကောင်စီမှ အတင်းအဓမ္မဖီးအားပီးနီကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာညှိနှိင်းရီးရုံး UNOCHA က ထုတ်ပြန်သည်။
(၃) ရသေ့တောင်မြိုနယ်၊ ပြားချောင်းကြီးစစ်ဖီးယှောင်စခန်းတွင် အဆောင်များအ သစ်ပြန်ဆောက်ရန် အရေးတကြီး လိုအပ်နီသည်။
၃။ ၈ – ၃ – ၂၀၂၃ (ဗုဒ္ဓဟူး)
(၁) မောင်တောမြို့နယ်ဟိ နခခ(၉) နယ်ခြားစောင့်တပ်စခန်းမှ တပ်ဖွဲဝင် ၄ ယောက် ထွက်ဗြီးလားသည်မှာ ၂ ရက်ကြာ လာကေလေ့ ဖမ်းမရသိမ့်ဘဲ လက်ဟိအချိန်ထိ မြန်မာစစ်တပ်မှ အပြင်းအထန် ပိုက်စိုက်တိုက် ဆက်ရှာ နီသည်။
(၂) မာ့ချ် ၈ ရက်နိ စတင်ဖြေဆိုနီကတ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမိန်းပွဲကို ရက္ခိုင်တပြည်လုံးအတိုင်းအတာနန့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၆၉၂၈ ယောက် ဝင်ရောက်ဖြေဆိုသည်။
(၃) ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟု ဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသည့် မြောက်ဦးမြို့နယ်၊ တိန်ညိုရွာဟိ သာလီစွ ဆီဆိုင်ပိုင်သျှင်မှာ ဦးကျော်သိန်း လှိုင်(၄၆နှစ်) အမှုကို မာ့ချ် ၈ ရက်နိတွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ လိုပြသက်သီများမရောက်၍ မစစ်ဆီးခဘဲ ရုံးချိန်းရွှိလိုက်ရသည်။
(၄) မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသည့် ဘူးသီးတောင်မြို့နယ် မီးကျောင်းစျီးအုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်းအမှုကို မာ့ချ် ၈ ရက်နိတွင် ဘူးသီးတောင်မြို့နယ်တရား ရုံး၌ ရုံးထုတ်စစ်ဆီခပြီး၊ လိုပြသက်သီများကို စစ်ဆီးခသည်။
၄။ ၉ – ၃ – ၂၀၂၃ (ကြာသပတီး)
(၁) ကျောက်တော်မြို့၏ အထင်ကရနီရာတခုဖြစ်သည့် ကျောက်တော်တောင်တွင် မာ့ချ် ၈ ရက်နိကတော မီးလောင်မှု တခုဖြစ်ပွားခသည်။
(၂) မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသည့် ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်း အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ အမှုကို မာ့ချ် ၉ ရက်နိတွင် ဘူးသီး တောင်မြို့ နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ လိုပြသက်သီများမရောက်ဟုဆိုကာ မစစ်ဆီးခဘဲ ရုံးချိန်းထပ်ရွှိ လိုက်သည်။
(၃) ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှိပြင်ရွာတွင် မာ့ချ် ၉ ရက်နိ၌ အရက်သောက်စားမူးယစ်ပြီး မိမိအိမ်ကို မီးတိုက်ရာမှ မီးလောင်မှုဖြစ်ပွားခကာ နီအိမ် ၃ လုံးပျက် စီး ဆုံးယှုးလားသည်။
(၄) ပုဏ္ဏားကျွန်းမြို့နယ်တွင် မာ့ချ် ၉ ရက်နိ နိခင်း ၂ နာရီခန့်က ရန်ကုန်မှ စစ်တွေသို့ ထွက်ခွာလာသည့် ခရီးသည်တင်ကားတစီး တိမ်းမှောက်လားကာ ခရီးသည်နှစ်ဦးဒဏ်ရာရလားသည်။
၅။ ၁၀ – ၃ – ၂၀၂၃ (သောကြာ)
(၁) အမ်းမြို့နယ်၊ တပ်တောင်မြို့တွင် မာ့ချ် ၁၀ ရက်နိ မိုးထက ကုန်စုံဆိုင် တဆိုင် မီးလောင်လားသည်။
(၂) စစ်ကောင်စီကအတင်းအဓမ္မနီရပ်ပြန်ခိုင်းမှုကြောင့်နီရပ်ပြန်လားခကတ်ရသည့် ပုဏ္ဏားကျွန်းမြို့နယ် ရီဖြူကန် စစ်ဖီးယှောင်စခန်းမှ နီရပ်ပြန်စစ်ဖီးယှောင်များ ဘဝရပ်တည်ရီးအခက်အခဲများနန့် ရင်ဆိုင်နီကတ်ရသည်။
၆။ ၁၁ – ၃ – ၂၀၂၃ (စနီ)
(၁) မာ့ချ် ၁၁ ရက်နိတွင်ကျရောက်သည့် (၃၄) နှစ်မြောက် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နိ အခမ်းအနားသို့ ညီနောင်မဟာမိတ်များတပ်ဖွဲများဖြစ်ကတ်သည့် ပလောင်ပြည်နယ် လွတ်မြောက်ရီး တပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရီးတပ်မတော် PSLF/TNLA နန့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ် တော် ULA/AA ရိုမှ ဂုဏ်ပြုသဝဏ်လွှာ ပီးပို့သည်။
(၂) ရက္ခိုင်ပြည်၊ မြို့နယ်အသီးသီးဟိ ကုန်စည်စီးဆင်းရာလမ်းကြောင်းများနန့် ဒေသခံပြည်သူများ အဓိကထား အသုံးပြုလားလာနီ ကတ်သည့် ကုန်းလမ်း၊ ရီလမ်းများတွင် မြန်မာစစ်တပ်မှ စစ်ဆီးရီးဂိတ်များ တိုးချဲ့ဖွင့်လှစ်ကာ စစ်ဆီးမှုများ တင်းကျပ်ထားဆဲ ဖြစ်သည်။
၇။ ၁၂ – ၃ – ၂၀၂၃ (တလင်းဂနီ)
(၁) ကျောက်တော်မှ ဦးကျော်လှိုင်အား ရက်ရက်စက်စက်သတ်ဖြတ်ခသည်မှာ မြန်မာစစ်တပ် တပ်မ(၄၄) လက်အောက်ခံ ခမရ (၉) တပ်ရင်းမှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ကိုယ်တိုင်ပါဝင်ခသူ မြန်မာစစ်သား၏ Myanmar Pressphoto Agency နန့် အင်တာဗျူးတခု၌ ဝန်ခံထွက်ဆိုထားသည်။
(၂) ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံ ထားရသည့် မြောက်ဦးမြို့နယ်၊ တိန်ညိုရွာဟိ သာလီစွဆီဆိုင်ပိုင်သျှင် ဦးကျော်သိန်းလှိုင်အမှုကို မာ့ချ် ၁၃ ရက်နိတွင် ရုံးထုတ်စစ်ဆီးမည်။
