APM ၊ မာ့ချ် ၁၃ / ၂၀၂၃
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် နီထိုင်သည့် မြန်မာပြည်သား လင်မယား ၂ယောက်ကို တရားမဝင်နီထိုင်မှုနန့် အိန္ဒိယရဲတပ်ဖွဲ့က မာ့ချ် ၉ရက်နိက ဖမ်းဆီးခကြောင်း The India Press သတင်း၌ ဒေနိ (မာ့ချ် ၁၃ရက်နိ) တွင် ဖော်ပြထားသည်။
အဖမ်းဆီးခံလင်မယားနှစ်ယောက်မှာ Lamdai Merrနန့် ၎င်း၏ဇနီး VeikhohatHatnu ရို့ ဖြစ်ကတ်သည်။
သူရို့ ၂ ယောက်သည်အင်ဖာခရိုင်ဖယောင်း ကျေးရွာဟိ ဒေသခံခရစ်ယာန်တရားဟောဆရာတဦး၏ အိမ်တွင်ကတ်အတုဖြင့် နီထိုင်ခကြောင်း၊အိမ်သျှင် ခရစ်ယာန် တရားဟောဆရာကိုလေ့ ဖမ်းဆီးထားကြောင်း မဏိပူရ ရဲတပ်ဖွဲ့က ဆိုထားသည်။
လက်ဟိတွင် ၎င်းရို့အားလူဝင်မှုကြီးကြပ်ရီးဥပဒေနန့် အရေးယူထားပြီး၊ တရားမ၀င်ဝင်ရောက်မှုကို အားပီးကူညီသူများနန့် ကတ်အတုပြုလုပ်သူများကို ပြင်းပြင်းထန်ထန် အရေးယူလားမည်ဖြစ်ကြောင်း မဏိပူရ IPR ဝန်ကြီး Sapam Ranjan က မာ့ချ် ၁၂ ရက်နိသတင်းစာယှင်းလင်းပွဲတွင် ပြောကြားခသည်။
မြန်မာပြည်တွင်ဖြစ်ပွားနီသည့် နိုင်ငံရီး၊ စစ်ရီးပဋိပက္ခများကြောင့် အိန္ဒိယနိုင်ငံသို့ ထွက်ဗြီးတိမ်းယှောင်နီသည့် မြန်မာဒုက္ခ သည် ၆ သောင်းကျော်ဟိပြီး ယင်းအထဲမှ မဏိပူရပြည်နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၇၀ ကျော်ဟိသည်ဟု India For Myanmar က ထုတ်ပြန်ထားသည်။
ကုန်ခသည့် ဖေဖော်ဝါရီ ၂၆ ရက်နိကလေ့ အိန္ဒိယသို့ ထွက်ဗြီးတိမ်းယှောင်နီသည့် ချင်းပြည်နယ်၊ တမူးမြို့နယ်မှ အသက် ၃၂ နှစ်အရွယ် စစ်ဖီးယှောင်တဦးသည် မဏိပူရမြို့နယ်၊ အင်ဖာမြို့ဟိ Sajiwa အကျဉ်းထောင်၌ဖမ်းဆီးထိန်းသိမ်းထားစဉ် သီဆုံး ခရသည်။
Source – Myanmar couple staying illegally, local who helped arrested
Photo – The India Preess