
APM၊ ဖေဖော်ဝါရီ ၁၃ / ၂၀၂၅
ပေါက်တောမြို့နယ်မာ ဖေဖော်ဝါရီ ၁၂ ရက်နိ၊ညဇာပိုင်းက အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ စစ်ကျန်ဗုံးသီးတလုံး ပေါက်ကွဲမှု ဖြစ်လို့ အရပ်သား ၂ ယောက် သီဆုံးလားပြီးကေ၊ ၄ ယောက် ထိခိုက်ဒဏ်ရာ ရလားရေလို့ ဒေသခံတိက ပြောပါရေ။
သီဆုံးလားခရေ လူတိစွာ ပေါက်တောမြို့နယ်၊ဂြင်းဒွေရွာက ကို နေမျိုးဝင်း(ခ)ချက်ချေ(၂၀ နှစ်)နန့် ကိုကိုနိုင်(၁၈ နှစ်)ရို့ဖြစ်ပါရေ။
ဒဏ်ရာရလားရေ လူတိကတော့ မောင်ငြိမ်းစိုးလင်း(၁၅ နှစ်)၊ မောင်ဟိန်းစိုးနိုင်(၁၅ နှစ်)၊ မောင်မင်းစိုးထွန်း(၁၇ နှစ်)နန့် မမြတ်အေးခိုင်(၂၀ နှစ်)ရို့ ဖြစ်ကတ်ပါရေ။
ဖေဖော်ဝါရီ ၁၂ ရက်နိ၊ ညဇာ ၃ နာရီလောက်မာ မောင်မင်းစိုးထွန်းစွာ စွန်ရဲရွာကနီ ကောက်ယူလာရေ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ စစ်ကျန်လက်ပစ်ဗုံးတလုံးကို ဂြင်းဒွေရွာဟိ ကန်နှစ်ကန်ကြား ကုက္ကိုလ်ပင်အောက်မာ သူငယ်ချင်းတိနန့်တတူ စမ်းသပ်ထုကြည့်ရာ ပေါက်ကွဲမှုဖြစ်ပွားခရေလို့ ဒေသခံတယောက်က Arakan Princess Media ကို ပြောပါရေ။
ယင်းဗုံးသီး ပေါက်ကွဲမှုကြောင့် အနားမာဟိရေ ကိုနေမျိုးဝင်းနန့် ကိုကိုနိုင်ရို့ ဗုံးစကျပနာ နီရာမာပင် ဂွင်ချင်း သီဆုံးလားရေလို့ဆိုပါရေ။
ယင်းအပြင် မောင်ငြိမ်းစိုးလင်း၊ မောင်ဟိန်းစိုးနိုင်၊ မောင်မင်းစိုးထွန်းနန့် မမြတ်အေးခိုင်ရို့မာလည်း ထိခိုက် ဒဏ်ရာ ရလားပြီးကေ ယင်းအထဲမာ မောင်ငြိမ်းစိုးလင်း ဒဏ်ရာပြင်းထန်ရေလို့ သိရပါရေ။
လက်ဟိ ဒဏ်ရာ ရဟိလားရေလူတိစွာ ဆီးကုသမှုခံယူနီရပါရေ။
ပုံစာ- ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နိ၊ညဇာ ၃ နာရီအချိန်ခန့်၌ ပေါက်တောမြို့နယ်၊ဂြင်းဒွေရွာတွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ စစ်ကျန်ဗုံးကို စမ်းသပ်ထုကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သီဆုံး၊ ဒဏ်ရာရလားသူများအား တွိရစဉ်(Arakan Princess Media)။





