
APM ၊ ဖေဖော်ဝါရီ ၁၃ /၂၀၂၅
ဂွမြို့နယ်၊ ကျိန္တလီမြို့ကို ဒေနိ(ဖေဖော်ဝါရီ ၁၃ ရက်နိ)၊ နိခင်းပိုင်းမာလည်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်က လီကြောင်း ဗုံးကြဲတိုက်ခိုက်ခလို့ အချေတယောက်အပါအဝင် ၂ ယောက် သီဆုံးလားပြီးကေ၊ ၄ ယောက် ဒဏ်ရာရလားရေလို့ ဒေသခံတိက ပြောပါရေ။
သီဆုံးလားရေလူတိစွာ ကျိန္တလီမြို့၊ အမှတ်(၁) သဖန်းကွင်းရပ်ကွက်က မောင်ဖြူလေး (၃ နှစ်)နန့် ဒေါ်လှအေး(၄၀ နှစ်) ရို့သားမိနှစ်ယောက်ဖြစ်ပြီးကေ ဒဏ်ရာရလားရေလူတိကတော့ ယင်းရပ်ကွက်က ဦးတင်သိန်း (၆၃ နှစ်)၊ ဦးမြင့်နိုင် (၃၇ နှစ်)၊ ဦးလှတင် (၃၅ နှစ်)နန့် ဒေါ်ညွှန့်ညွှန့်စန်း (၄၅ နှစ်)ရို့ဖြစ်ကတ်ပါရေ။
ဒေနိ၊နိခင်း ၁၁ နာရီ ၄၅မိနစ်မာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီစွာ ကျိန္တလီမြို့ကို ဂျက်ဖိုက်တာနန့် ဗုံးသုံးလုံး ကြဲချခရေလို့ ဒေသခံတိက ပြောပါရေ။
ယင်း ဗုံးသီးတိစွာ အမှတ်(၁) သဖန်းကွင်းရပ်ကွက်မာ ကျရောက်ပေါက်ကွဲခပြီးကေ အနားမာဟိရေ မောင်ဖြူလေးနန့် ဒေါ်လှအေးရို့ နီရာမာပင် ဂွင်ချင်း သီဆုံးလားရေလို့ ဆိုပါရေ။
ယင်းအပြင် ဦးတင်သိန်း၊ ဦးမြင့်နိုင်၊ ဦးလှတင်နန့် ဒေါ်ညွှန့်ညွှန့်စန်းရို့လည်း ဗုံးစကျပနာ ထိခိုက်ဒဏ်ရာလားပြီးကေ အရေးပေါ် ဆီးကုသနီရရေလို့ သိရပါရေ။
ကုန်ခရေ ဖေဖော်ဝါရီ ၁၂ ရက်နိကလည်း ယင်း ကျိန္တလီမြို့ကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ဂျက်ဖိုက်တာနန့် ဗုံးကြဲတိုက်ခိုက်ခလို့ အရပ်သားပြည်သူ ၁ ယောက် ဒဏ်ရာရလားပြီးကေ၊ နီအိမ် ၂ ဆောင်ပျက်စီးလားခပါသိမ့်ရေ။
ပုံစာ – ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နိ၊ နိခင်း ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်၌ ကျိန္တလီမြို့၊ အမှတ်(၁) သဖန်းကွင်းရပ်ကွက်ကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ထပ်မံ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း သီဆုံး၊ ဒဏ်ရာရသူများအား တွိရစဉ် (Arakan Princess Media)။




