(ဖေဖော်ဝါရီ ၆ ရက်နိ မှ ဖေဖော်ဝါရီ ၁၁ ရက်နိ အထိ)
၁။ ၆ – ၂ – ၂၀၂၃ (တလင်းလာ)
(၁) မြန်မာစစ်တပ်ဖမ်းဆီးပြီး၊ မြန်မာပြည်ဆူပူလှုဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) ရို့နန့် တရားစွဲခံထားရသည့် မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်မှ ဦးကျော်ဝင်းလှိုင်၊ ဗန္ဓုလရပ်ကွက်မှ ဦးကိုကိုညွန့်နန့် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းရို့ကို ဖေဖော်ဝါရီ ၇ ရက် နိတွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆီးမည်ဖြစ်ကြောင်း သိရသည်။
(၂) စစ်တွေအခြေစိုက် Development Media Group သတင်းဌာနတွင် လုပ်ကိုင်နီသည့် သတင်းထောက် ကိုနိုင်လင်းအောင် (၂၅ နှစ်)သည် ဆိုင်ကယ်မတော်တဆ တိမ်းမှောက်၍ ဖေဖော်ဝါရီ ၅ ရက်နိ၌ ကွယ်လွန်လားကြောင်း သိရသည်။
(၃) ဖေဖော်ဝါရီ ၆ ရက်နိ မိုးထက သရက်ခြံသို့ လားရာ၌ မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ကာ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု၊ ဒါးလက်အနောက်ရွာမှ ကိုဦးဆန်းကြည်(၂၂နှစ်) ဒဏ်ရာပြင်းပြင်းထန်ထန်ရလားကြောင်း သတင်းရဟိသည်။
၂။ ၇ – ၁ – ၂၀၂၃ (အင်္ဂါ)
(၁) မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက် တောင်ဖြူဆည်နားဟိ စွန့်ပစ်အမှိုက်ပုံမီးတိုက်ထားရာမှ ထွက်လာသည့် အနံ့ဆိုးများကြောင်း အနီအနားဟိ ရက္ခပူရပညာရီးဖောင်ဒေးသျှင်း ပရဟိတကျောင်းက ကျောင်းသူ/ ကျောင်းသားများမှာ ကျန်းမာရီးထိခိုက်နီကတ်ရကြောင်း သိရသည်။
(၂) မြန်မာစစ်တပ်ဖမ်းဆီးပြီးနောက် မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)စသည့် ပုဒ်မ ၂ ခုနန့် တရားစွဲခံထားရသည့် မြောက်ဦးမြို့၊ ကျောက်ရစ်ကေ ရပ်ကွက်မှ ဦးကျော်ဝင်းလှိုင်၊ ဗန္ဓုလရပ်ကွက်မှ ဦးကိုကိုညွန့်နန့် တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းရို့ကို ဖေဖော်ဝါရီ ၇ ရက်နိတွင် ရုံးထုတ်ပြီး ခံပြသက်သီများကို စစ်ဆီးခကြောင်း သိရသည်။
၃။ ၈-၂-၂၀၂၃ (ဗုဒ္ဓဟူး)
(၁) မြန်မာစစ်တပ်ဖမ်းယူလားခပြီး မြန်မာပြည်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)နန့် တရားစွဲခံထားရသည့် ကျောက်တော်မြို့၊ ပြည်တော်သာ ရပ်ကွက်မှ ဦးဇော်ဝင်း(ခေါ်) လူထုဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်နန့် ပန်းဖဲချောင်းကျေးရွာမှ ကိုဇော်မိုးထက်ရို့ကို ဖေဖော်ဝါရီ ၈ ရက်နိ၌ ကျောက်တော်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခကေလေ့ တရားလိုမရောက်၍ မစစ်ဆီးဘဲ လာမည့်ဖေဖော်ဝါရီ ၂၂ ရက် နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
(၂) မြန်မာစစ်တပ်က မတရားဖမ်းဆီးကာ မတရားအသင်း ဆက်သွယ်မှုပုဒ်မ၁၇(၁) နန့် တရားစွဲဆိုထားသည့် မင်းပြားမြို့နယ်က အပျော်တန်းဓာတ်ပုံဆရာ ဦးစိုးမိုးကျော်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာက ဦးမောင်စောသာ နန့် ကျောက်တော်မြို့ကဝိရတနာ စစ်ဖီးယှောင်စခန်းက ဦးကျော်ဟိန်းရို့ကို ဖေဖော်ဝါရီ ၈ ရက်နိတွင် ကျောက်တော်မြို့နယ်တရားရုံး ၌ ရုံးထုတ်ခကေလေ့ တရားလိုမရောက်ဟုဆိုကာ မစစ်ဆီးဘဲ လာမည့် ဖေဖော်ဝါရီ ၂၂ ရက် နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
(၃) မြေပုံမြို့နယ် မြေပုံမြစ်ထဲ၌ ဖေဖော်ဝါရီ ၈ ရက်နိမိုးထစောစောက နာမည်မဟိသူ မျက်နှာစိမ်းနှစ်ဦးမှ ငါးရှာနီသူ ဒေသခံနှစ်ဦးကို သီနတ်ဖြင့် ပစ်ခတ်ခရာ မြေပုံမြို့နယ် ထူးချေရွာမှ ဦးမောင်ဆန်းညွန့် (၃၅နှစ်) သီဆုံးလားကြောင်း သိရသည်။
(၄) မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသည့် တပ်မင်းချောင်းရွာအုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီးရွာ အုပ်ချုပ်ရီးမူး ဦးဟာမတ်တူဆောင်းရို့ကို ဖေဖော်ဝါရီ ၉ ရက်နိတွင်ဘူးသီးတောင်မြို့ တရားရုံး၌ ရုံးထုတ် စစ်ဆီးမည်ဖြစ်ကြောင်း သိရသည်။
၄။ ၉ – ၂ – ၂၀၂၃ (ကြာသပတီး)
(၁) မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့်အမှုရင်ဆိုင်နီရသည့် သံတွဲမြို့နယ်မှ ရက္ခိုင်တေးရွီး ဆရာတဦးဖြစ်သူ ဦးစန်းကိုအား လာမည့်ဖေဖော်ဝါရီ ၁၅ ရက်နိတွင် အပြီးသတ်အမိန့်ချမည် ဖြစ်ကြောင်း သိရသည်။
(၂) ဘူးသီးတောင်မြို့နယ်တွင် ကုန်ခသည့် ဖေဖော်ဝါရီ ၄ ရက်နိမှစ၍ နီအိမ်မှ ငါးဖမ်းရန်ထွက်ခွာလားစဉ် ပျောက်ဆုံးလားခသည့် ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်အုပ်စု၊ ဂန္ဒာရူး(ခမီ)ရွာမှ ဦးစိန်ဖြူ(၄၅နှစ်)ကို ဖေဖော်ဝါရီ ၈ ရက်နိ၌ ဓားဒဏ်ရာများဖြင့် သီဆုံးလျက်တွိဟိရကြောင်း သိရသည်။
(၃) မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသည့် တပ်မင်းချောင်းရွာအုပ်ချုပ်ရီးမှူး ဦးဦးကျော်လှနန့် မီးကျောင်းစျီးရွာ အုပ်ချုပ်ရီးမူး ဦးဟာမတ်တူဆောင်းရို့ကို ဖေဖော်ဝါရီ ၉ ရက်နိတွင်ဘူးသီးတောင်မြို့တရားရုံး၌ ရုံးထုတ်ခကေလေ့ မစစ်ဆီးခဘဲ လာမည့် ဖေဖော်ဝါရီ ၂၃ ရက် နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
(၄) ချင်းနိုင်ငံရီးဦးဆောင်ကော်မတီ-ရခိုင်ပြည်နယ်၏ ဂျန်နဝါရီ ၃၀ ရက်နိ ညည့် ၈ နာရီခန့်တွင် မြေပုံမြို့နယ် တုတ်ချောင်း (ချင်း)ရွာက ရွာသားနှစ်ဦးကို ရက္ခိုင့်တပ်တော်မှ တပ်ဖွဲ့ဝင်တချို့က ရွာနန့်မနီးမဝီးသို့ ဖုန်းနန့် ခေါ်ယူကာ အကြောင်းပြချက်တစုံတရာ ပြောဆိုခြင်းမဟိဘဲ လက်ပြန်ကြိုးတုတ်လျက် အုပ်စုလိုက် ရိုက်နှက်မှုပြု လုပ်ခသည်ဟုဆိုကာ ဖေဖော်ဝါရီ ၉ ရက်နိထုတ်ပြန်ချက်နန့် ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆီးမှုများ ပြုလုပ်နီကြောင်း ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက APM သို့ ပြောကြားသည်။
၅။ ၁၀ – ၂ – ၂၀၂၃ (သောကြာ)
(၁) မြန်မာစစ်တပ်ဖမ်းလားခပြီးနောက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့်တရားစွဲခံထားရသည့် ကျောက်တော်မြို့နယ်၊ ဝပြန်ရွာမှ ကိုမောင်သန်းဌေး၊ ကိုမောင်ထွန်းလှိင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာမှ ဦးသန်းစိုး၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ရွာမှ ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်မှ ကိုမောင်ချေ(ခ) မောင်မျိုးကို၊ မြောက်ဦးမြို့ မဟိန်ဂျီရပ်ကွက်မှ ကိုကျော်မောင်လင်းရို့ကို ဖေဖော်ဝါရီ ၁၀ ရက်နိ၌ ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခကေလေ့ တရားလိုမရောက်ဟုဆိုကာ လာမည့် ဖေဖော်ဝါရီ ၂၄ ရက်နိသို့ ရုံးချိန်း ထပ်ရွှိလိုက်ကြောင်း သိရသည်။
၆။ ၁၁ – ၂ – ၂၀၂၃ (စနီ)
(၁) ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ဟိ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းတွင် ဖေဖော်ဝါရီ ၁၁ ရက်နိ မိုးထက ဘုန်းကြီး ကျောင်းဝန်းထဲမီးလောင်မှုဖြစ်ပွားခပြီး အသက် ၇၀ ကျော်အရွယ် ဆရာတော်ကြီးမှာ အသျှင်ပဏ္ဍဝ မီးလောင်ကာ ပျံလွန်လားကြောင်း သတင်းရဟိသည်။