
APM ၊ ဖေဖော်ဝါရီ ၁၃ / ၂၀၂၃
ကျောင်းသား/သူများ စာမိန်းပွဲများကို အာရုံပိုစိုက်နိုင်ရန် ရည်ရွယ်၍ လာမည့် ဖေဖော်ဝါရီ ၁၄ ရက်နိကစကာ တက္က သိုလ်ဝင်တန်း စာမိန်းပွဲဖြေဆိုပြီးချိန် မာ့ခ်ျ ၁၈ ရက်နိအထိ ရက္ခိုင်ပြည်အနှံ့ဇာတ်ပွဲများ ကပြဖျော်ဖြေခြင်းကို ရက္ခိုင့်တပ်တော် AA မှ ရပ်တန့်ခိုင်းထားကြောင်း သိရသည်။
လာမည့် ဖေဖော်ဝါရီ ၁၄ ရက်နိကစကာ တက္ကသိုလ်ဝင်တန်း စာမိန်းပွဲဖြေဆိုပြီးသည့်(မာ့ခ်ျ ၁၈ ရက်နိ)အထိ နီရာအနှံ့တွင် ဇာတ်ပွဲများ ကျင်းပခြင်းကို ရပ်တန့်ထားရန် AA မှ စာရွီးအကြောင်းကြားလာခြင်းဖြစ်ကြောင်း ရက္ခိုင်ပြည်၊ ဇာတ်သဘင်အစည်းအရုံးတာဝန်ဟိသူများက ပြောသည်။
လက်ဟိတွင် အခြီခံပညာအတန်းတင်စာမိန်းပွဲများနီးကပ်လာ၍ ကျောင်းသား/သူများအနီဖြင့် စာမိန်းပွဲအတွက် ပို၍ အာရုံစူးစိုက်နိုင်ရန်နန့် စာစစ်ဌာနများဟိသည့် နီရာများ၌ ဆူညံမှုများမဟိစီရန် အလေးထား၍ယင်းသို့ စာရွီးအကြောင်းကြားလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရက္ခိုင်ပြည်တွင် အဆင့်မြင့်ဇာတ်သဘင် အဖွဲ့အစည်း တဆယ်ကျော် ဟိသည့်အပြင် အများအားဖြင့် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာမှစ၍ ဧပြီလအထိ ဇာတ်ပွဲများကို ကပြဖျော်ဖြေလိဟိကြောင်း သိဟိရသည်။
