
APM ၊ ဖေဖော်ဝါရီ ၁၃ / ၂၀၂၃
ကမ္ဘောဒီးယားနိုင်ငံမှ လွတ်လပ်သည့် သတင်းမီဒီယာဌာနတခုဖြစ်သည့် The Voice of Democracy (VOD) ကို အစိုးရအား တိုက်ခိုက်ပြီး တိုင်းပြည်ကိုထိခိုက်စီသည်ဆိုကာ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen က ဒေနိ (ဖေဖော်ဝါရီ ၁၃ရက်နိ) မှစ၍ လိုင်စင်ပိတ်သိမ်းလိုက်ကြောင်း သိရသည်။
VOD သတင်းဌာနကို သတင်းထုတ်လွှင့်ခြင်းအတွက် ထုတ်လွှင့်ခွင့်လိုင်စင်ပိတ်သိမ်းလိုက်ကြောင်း၊ VOD သတင်းဌာနကို နိုင်ငံတကာမှ ငွေကြေးထောက်ပံ့ထားသူများအနီနန့်လေ့ ငွေကြေးများကို ပြန်လည်ထုတ်ယူရန်နန့် ဝန်ထမ်းများသည်လေ့ အလုပ်အကိုင်အသစ်များရှာဖွီကတ်ရန် ဝန်ကြီးချုပ် Hun Senက သူ၏တရားဝင် Facebook စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၂ ရက်နိက ဖော်ပြခခြင်းဖြစ်သည်။
ဤသို့ လိုင်စင်ပိတ်သိမ်းခရခြင်းမှာ တူရကီငလျင်အတွက်ပီးသည့် အကူအညီများကို ဝန်ကြီးချုပ် Hun Sen ၏ သားဖြစ်သူ ဒုတိယစစ် ဦးစီးချုပ် Hun Manet က လက်မှတ်ထိုးခြင်းသည် သူ၏တာဝန်ကို ကျော်လွန်ပြီးလုပ်ဆောင် ခြင်းဖြစ်သည်ဟု VOD ၏ သတင်းဆောင်းပါးတပုဒ်တွင် ဖော်ပြခခြင်းကြောင့်ဟုဆို သည်။
VOD သတင်းဌာနမှလေ့ ၎င်းရို့အနီနန့် အစိုးရပြောခွင့်ရသူကို ကိုးကားပြီးဖော်ပြခြင်းဖြစ်ကြောင်းနန့် ယင်းသို့ ဝန်ကြီးချုပ် အပေါ် စိတ်အနှောင့်အယှက်ဖြစ်စီခသည့်အတွက် စိတ်မကောင်းကြောင်း ယှင်းလင်းချက်ထုတ်ပြန်စာ ပီးပို့ခကေလေ့ ဝန်ကြီးချုပ်က လက်မခံဘဲ ပယ်ချခကြောင်းသိရသည်။
ကမ္ဘောဒီးယားနိုင်ငံကို နှစ်ပေါင်းများစွာ အာဏာသျှင်စနစ်ဖြင့် အုပ်ချုပ်လာသည့် ဝန်ကြီးချုပ် Hun Sen သည် လွတ်လပ်သည့် မီဒီယာများကို ပိတ်ပင်ခသူဖြစ်ပြီး ယခု VOD သတင်းဌာနကိုလေ့ ၎င်း၏အစိုးရကို ဝေဖန်ထောက် ပြခြင်းများအတွက် ပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိဟိရပါသည်။
Source – Dictator Hun Sen shuts down Cambodia’s VOD broadcaster
Photo – AFP
