APM ၊ ဖေဖော်ဝါရီ ၁၃ / ၂၀၂၃
ပြီးခသည့် ၅နှစ်အတွင်း ရုသျှားသည် အိန္ဒိယသို့ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံခန့်တန်ဖိုးဟိ လက်နက်များ တင်သွင်းခကြောင်းရုသျှနိုင်ငံပိုင် သတင်းအေဂျင်စီများက ဖေဖော်ဝါရီ ၁၂ ရက်နိတွင် ဖော်ပြသည်။
အိန္ဒိယသည် ရုသျှထံမှ လက်နက်ဝယ်ယူမှုအများဆုံးနိုင်ငံဖြစ်ပြီး ရုသျှ- ယူကရိန်း စစ်ပွဲနန့်ပတ်သက်၍လေ့ ရုသျှအား ပြတ်ပြတ်သားသား ရှုတ်ချခြင်းမပြုဘဲ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက ပဋိပက္ခကိုဖြေယှင်းဖို့ သံတမန်ရီးအရ တွိဆုံဆွေးနွေးရန် တောင်းဆိုထားသည်။
ယူကရိန်းတွင် ပြုလုပ်နီသည့် ရုသျှ၏ စစ်ဆင်ရီးနန့်ပတ်သက်ပြီး အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများက အိန္ဒိယကို ဖိအားများပီးခကေလေ့ အိန္ဒိယသည် ရုသျှ၏ စစ်ရီးနန့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွင် အဓိက မဟာမိတ်ဖက်တခု ဖြစ်နီဆဲဖြစ်ကြောင်း ရုသျှစစ်ဖက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရီးဌာနအကြီးအကဲ Dmitry Shugayev ကပြောကြားထားသည်။
အိန္ဒိယနိုင်ငံအပါအဝင် တရုတ်နန့် အရှိတောင်အာသျှနိုင်ငံတချိုလေ့ ရုသျှထံမှ စစ်လက်နက်များကို ဆက်လက်ဝယ်ယူနီဆဲဖြစ်ကြောင်း Dmitry Shugayev က ဆိုသည်။
အာသျှနိုင်ငံတချိုသည် ရုသျှထံမှ အဓိကဝယ်ယူသည့် စစ်လက်နက်များမှာ S-400 Triumf ဒုံးကျည်ကာကွယ်ရီးစနစ်များ၊ မြီပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်များအပြင် Su-30 စစ်လီယာဉ်များ၊ MiG-29 ရဟတ်ယာဉ်များနန့် မောင်းသူမဲ့လီယာဉ်များ ဖြစ်ကြောင်း Shugayev က ဆိုသည်။
ယင်းအပြင် ရုသျှ၏ နှစ်စဉ်လက်နက်တင်ပို့မှုမှာ ဒေါ်လာ ၁၄ မှ ၁၅ ဘီလီယံခန့်ဟိပြီး လက်နက်ဝယ်ယူရန် မှာကြားမှုမှာ ဒေါ်လာ ၅၀ ဘီလီယံခန့်ဟိကြောင်း သိဟိရပါသည်။
Source – Russian arms supplies to India worth $13 bln in past 5 years
Photo – AFP