
APM ၊ ဖေဖော်ဝါရီ ၁၃ / ၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟုဆိုကာ ၁၇(၁) နန့်တရားစွဲခံထားရသည့် မောင်တောမြို့နယ်က တက္ကသိုလ်ကျောင်းသားတယောက်နန့် ဆိုင်ကယ် ကယ်ရီသမားတယောက်အမှုကို နက်ဖြန် (ဖေဖော်ဝါရီ ၁၄ ရက်နိ)တွင် မောင်တောမြို့နယ်တရားရုံး၌ (၁၁)ကြိမ်မြောက် ရုံးထုတ်လားမည်ဖြစ်ကြောင်း သိရသည်။
ယင်း၁၇(၁)နန့်တရားစွဲခံထားရသူနှစ်ယောက်မှာ မောင်တောမြို့နယ်၊ခမောင်းဆိပ်ကျေးရွာမှ တက္ကသိုလ်ကျောင်းသား ကိုမောင်ဆန်းဌေး(၂၄နှစ်) နန့် မင်္ဂလာညွန့်ကျေးရွာမှ ဆိုင်ကယ်ကယ်ရီသမား ကိုခင်ဇော်(၂၂နှစ်) ရို့ဖြစ်ကတ်သည်။
အမှုကို ကုန်ခသည့် ဖေဖော်ဝါရီ ၂ ရက်နိက မောင်တောမြို့နယ်တရားရုံး၌ (၁၀) ကြိမ်မြောက် ရုံးထုတ်ခပြီး လိုပြသက်သီနှစ်ယောက်ကိုစစ်ဆီးခကာ ဖေဖော်ဝါရီ ၁၄ ရက်နိသို့ ရုံးချိန်းထားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ကိုမောင်ဆန်းဌေးမှာ အဝီးသင်တက္ကသိုလ်(သမိုင်းမေဂျာ) ဒုတိယနှစ်ကျောင်းသားတယောက်ဖြစ်ပြီး၊ စစ်တွေအဝီးသင်တက္ကသိုလ်စာမိန်းပွဲဖြေဆိုပြီး၍ ကုန်ခသည့် ၂၀၂၂ ခုနှစ် နိုဗမ်ဘာ ၁ ရက်နိက အဖော်ဖြစ်သူ ကိုခင်ဇော်နန့်အတူ ဆိုင်ကယ်တစီးဖြင့် ရွာသို့ ပြန်လာစဉ် မြန်မာစစ်တပ်၏ အမှတ် (၁) နယ်ခြားစောင့်တပ်ဖွဲ့၊ ကျီးကန်းပြင်ဌာနချုပ်၊ စစ်ဆီးရီးဂိတ်၌အဖမ်းခံခရသည်။
ယင်းနောက် တလကျော်ကြာ မိသားစုဝင်များနန့် အဆက်အသွယ်မရဘဲ ထိန်းသိမ်းခံခရပြီးနောက် AA နန့်ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်က ပုဒ်မ ၁၇(၁)နန့်တရားစွဲဆိုထားခြင်းဖြစ်သည်။
လက်ဟိတွင်သူရို့နှစ်ယောက်ကို ဘူးသီးတောင်အကျဉ်းထောင်၊ထောင်ချုပ်၌ထိန်းသိမ်းထားကြောင်းသိဟိရသည်။
