APM ၊ ဒီဇမ်ဘာ ၁၃ /၂၀၂၃
ဒေနိ(ဒီဇမ်ဘာ ၁၃ ရက်နိ)မိုးထ ၁၁ နာရီလောက်က အမ်းမြို့နယ်မာ စစ်ကောင်စီတပ်က လက်နက်ကြီးနန့် ပစ်ခတ်လို့ ဒေသခံပြည်သူတယောက် ပြင်းပြင်း ထန်ထန် ဒဏ်ရာရလားကြောင်း သိရပါရေ။
ဒဏ်ရာရလားလူစွာ အမ်းမြို့နယ်၊ကဇုကိုင်းတိုက်နယ်၊ဒါးလက်ချောင်းအုပ်စု၊ အထက်ရွာဟောင်းရွာက ဦးမောင်ကြီး (၅၄ နှစ်) ဖြစ်ပါရေ။
ဒေနိမိုးထ ၁၁ လောက်က အမ်းမြို့နယ်၊ ကဇုကိုင်းအနား တောဟိန်းတောင်မာ တပ်စွဲထားရ စစ်ကောင်စီတပ်က အရပ်သား ပြည်သူတိနီထိုင်ရာ ရပ်ရွာတိဖက်သို့ ဦးတည်ပြီးကေ လက်နက်ကြီးတိနန့် ယမ်းကား ပစ်ခတ်ခပါရေ။
ယင်းအထဲက လက်နက်ကြီးကျည်တလုံးစွာ ဒါးလက်ကျောက်ဆင်ရွာ တဖက်ကမ်းဟိ ပြိုင်းတောင်လယ်ကွင်းသို့ ကျရောက် ပေါက်ကွဲခရာ ယင်းလယ်ကွင်းမာ တလင်းသိမ်းနီရေ ဦးမောင်ကြီး၏ ဘယ်ဖက်လက်တန်းတောင်မာ လက်နက်ကြီးကျည်စ ဝင်လားပြီးကေ လက် အကြောတိ ပြတ်ထွက်လားခပါရေ။
ရက္ခိုင်မာရက္ခိုင့်တပ်တော်နန့် စစ်ကောင်စီတပ်ရို့တကျော့ ပြန်တိုက်ပွဲ စဖြစ်ကတည်းကပင် ဒေနိအထိ စစ်ကောင်စီစွာ အရပ်သားပြည်သူတိနီထိုင်ရာ ရပ်ရွာ၊မြို့တိကို လက်နက်ကြီး၊ လက်နက်ချေ၊ နေဗီ၊ ဒရုန်း၊ စစ်ရဟတ်ယာဉ်နန့် တိုက် လီယာဉ်တိကို အသုံးပြုပနာ ရည်ရွယ်ချက်ဟိဟိ ယမ်းကားပစ်ခတ်မှုတိ နိစဉ်ရက်ဆက် ပြုလုပ်နီပါရေ။
ယင်းပိုင်ပစ်ခတ်မှုတိကြောင့်လည်း အရပ်သားပြည်သူတိ သီဆုံး၊ ထိခိုက်၊ ဒဏ်ရာရဟိမှု၊ အိုးအိမ်၊ အဆောက်အအုံ ပျက်စီးဆုံးယှုံးမှုတိ တရက်ထက်တရက် ပိုလို့ များပြားလာနီပါရေ။