APM ၊ ဒီဇမ်ဘာ ၁၃ / ၂၀၂၃
ဒီဇမ်ဘာ ၁၂ ရက်နိ၊ ညဇာက ပေါက်တောမြို့နယ်မာ စစ်ကောင်စီ၏ နေဗီ ဇက်သင်္ဘော(ဗျ)ကနီ လက်နက်ကြီးနန့်ပစ်ခတ်လို့ လူနီအိမ် နှစ်ဆောင် ပျက်စီးလားကြောင်း သိရပါရေ။
ပျက်စီးလားရေ အိမ်တိစွာ ပေါက်တောမြို့နယ်၊ တောင်းဖူးရွာက ဦးအောင်သန်းရွှီ၏ နီအိမ် နန့် ဦးကိုကိုစိုး၏ နီအိမ်တိဖြစ်ပါရေ။
ဒီဇမ်ဘာ ၁၂ ရက်နိ၊ ညဇာ ၅ နာရီကျော်လောက်က ပေါက်တောမြို့နယ်၊ ပွဲကြည့်တောင်မြစ်ဝမာ တန့်ထားရေ စစ်ကောင်စီ နေဗီဇက်သင်္ဘော(ဗျ)စွာ တောင်းဖူးရွာဖက်သို့ လက်နက်ကြီးတိနန့်ရည်ရွယ် ချက်ဟိဟိ ဦးတည်ပစ်ခတ်ခပါရေ။
ယင်းလက်နက်ကြီးကျည်တိရေ တောင်းဖူးရွာ နန့် ယင်းရွာအနားက ပုဇွန်သားဖောက်စခန်းသို့ ကျရောက်ပေါက်ကွဲခပြီးကေ ရွာထဲက ဦးအောင်သန်းရွှီ၏ နီအိမ် ခေါင်မိုး ပွင့်ထွက်လားခရေပိုင် ဦးကိုကိုစိုး နီအိမ်လည်း ထိခိုက်ပျက်စီးလားခရပါရေ။
အလားတူ ပုဇွန်သားဖောက်စခန်းက နီအိမ်အဆောက်အအုံတချို့လည်း ပျက်စီးလားခကြောင်း သိရပါရေ။
စစ်ကောင်စီစွာ တိုက်ပွဲဖြစ်ပွာခြင်းလုံးဝမဟိဘဲ သူရို့အခြီစိုက်ရာတပ်ရင်း၊ တပ် ဖွဲ့ တပ်စခန်းတိကနီ အများပြည်သူနီထိုင်ရာ မြို့ရွာတိသို့ လက်နက် ကြီး၊ လက်နက်ချေတိနန့် ရည်ရွယ်ချက်ဟိဟိ ယမ်းကားပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်၊ တိုက်လီယာဉ်၊ ဒရုန်းတိနန့် လီကြောင်းတိုက်ခိုက်ခြင်း၊ နေဗီစစ်သင်္ဘောတိ၊ဇက်သင်္ဘော(ဗျ)တိနန့် ရီကြောင်းကနီ ယမ်းကား ပစ်ခတ်တိုက် ခိုက်ခြင်းတိကို နိစဉ်ရက်ဆက် ဆက်တိုက်လုပ်ဆောင်နီပါရေ။