APM၊ နိုဗမ်ဘာ ၁၃/ ၂၀၂၄
မင်းတပ်မြို့နန့် ဖလမ်းမြို့ရို့က စစ်ကောင်စီအခြီပြုစခန်းတိကို တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နီရေအတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်နီရေလို့ ချင်းညီနောင်အဖွဲ့(Chin Brotherhood) ဒေနိ (နိုဗမ်ဘာ ၁၃ ရက်နိ) မာ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အတွင်း “ချင်းညီနောင်အဖွဲ့ (Chin Brotherhood) က ဖော်ဆောင်လျက်ဟိသော ချင်းညီနောင်စစ်ဆင်ရီး (Operation CB)ကို မင်းတပ်မြို့နန့် ဖလမ်းမြို့ရို့တွင် ၂၀၂၄ ခုနှစ်၊ နိုဗမ်ဘာ ၉ ရက်နိမှ စတင်ကာ မြို့ပေါ်ဟိ စစ်ကောင်စီအခြီပြုစခန်းများကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိပြီး လက်ဟိအချိန်ထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ဟိပါသည်” လို့ ဖော်ပြထားပါရေ။
ချင်းညီနောင်အဖွဲ့၏ အကူအညီတောင်းခံမှုကြောင့် မဟာမိတ်အဖွဲ့အစည်းတချို့ကလည်း မိတ်ဖက်အဖွဲ့အစည်း အိမ်နီးချင်းကောင်းပီသစွာ နန့် အဂုစစ်ဆင်ရီးမာ ပူးပေါင်းတိုက်ပွဲဝင်လို့ ဟိရေလို့ ဆိုပါရေ။
လက်ဟိအချိန်မာ ချင်းညီနောင်၏ စစ်ရီးသတင်း၊ တိုက်ပွဲသတင်းနန့်ပက်သတ်လို့ မဟုတ်မမှန်ရွီးသားဖော်ပြစွာ၊ သတင်းမှား၊ သတင်းတုတိ ထွက်ပေါ်နီစွာကြောင့် အဂုပိုင် ရွီးသားဖြန့်ဝီစွာတိမပြုလုပ်ကတ်ဖို့ မိတ္တာရပ်ခံထားပါရေ။
ချင်းညီနောင်အနီနန့် တိကျမှန်ကန်ရေ သတင်းတိနန့် အောင်ပွဲရသတင်းတိကို အချိန်နန့် တဗြီးညီ ဆက်လက် ထုတ်ပြန်လားဖို့လည်း အသိပီးထုတ်ပြန်ထားပါသိမ့်ရေ။
ချင်းညီနောင်အဖွဲ့မာ ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရီးတပ်(ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရီးတပ် (မတူပီ)၊တပ်မဟာ (၁) နန့် မရာနယ်မြီအုပ်ချုပ်ရီးကောင်စီ (MTC) ရို့ ပါဝင်ပါရေ။
Photo – CB