
APM၊ နိုဗမ်ဘာ ၁၃/ ၂၀၂၃
လတ်တလောမာ စစ်ကောင်စီရေ လားသျှိုးမြို့အတွင်း မှီတင်းနီထိုင်ကတ်တေ အရပ်သားတိကို MNDAA၊ TNLA နန့် SSPP/SSA စစ်ဝတ်စုံတိ ခြုပ်ခိုင်းနီရေလို့ သတင်းသိလူတယောက်ကအကြောင်းကြားလာကြောင်း ကိုးကန့်တပ်မတော် MNDAA ၏ တရားဝင်ပြန်ကြားရီးမီဒီယာ The Kokang ကို ကိုးကားလို့ ညီနောင်မဟာမိတ် (၃)ဖွဲ့က ဒေနိ(နိုဗမ်ဘာ ၁၃)ရက်နိမာ ထုတ်ပြန်ပါရေ။
အဆိုပါလုပ်ရပ်တိမာ စစ်ကောင်စီက ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတိကျူးလွန်ပြီး MNDAA နန့် TNLA ရို့ကို စွပ်စွဲဖို့ ကြံစည်နီစွာလို့ ခန့်မှန်းသုံးသပ်နိုင်ရေအတွက် ပြည်သူ လူထုတရပ်လုံးအနီနန့် သတိဟိဟိနန့် နီထိုင်ကတ်ဖို့ အထူးတိုက်တွန်းရေလို့ ဆိုပါရေ။
စစ်ကောင်စီရေ အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း စစ်ကိုင်းဒေသမာ အရပ်သားနီအိမ်တိကို မီးတိုက်ဖျက်ဆီးခြင်း၊ အရပ်သားတိကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာလုပ် ခြင်းစရေ စစ်ရာဇဝတ်မှုတိကို ပြင်းပြင်းထန်ထန် ကျူးလွန်ခစွာဖြစ်ပါရေ။
ယင်းအပြင် လတ်တလောမာ စစ်ကောင်စီစွာ စစ်ရီးယှုံးနိမ့်မှုတိနန့် ဆက်တိုင်ရင်ဆိုင်နီရစွာကြောင့် ယှုံးမဲမဲပြီးကေ အရပ်သားပြည်သူတိအပေါ် စစ်ရာဇဝတ်မှုတိချိုးဖောက်နိုင်ရေအတွက် ပြည်သူလူထုတရပ်လုံးအနီနန့် အထူးသတိထားကတ်ဖို့ တိုက်တွန်းထားပါရေ။
Photo – The Kokang
