APM ၊ နိုဗမ်ဘာ ၁၃ / ၂၀၂၃
မင်းပြားမြို့နယ် ဖားပြို(အောက်)ရွာအနားက ပြည်ထောင်စုကားလမ်းမထက်မာ လားနီရေ စစ်ကောင်စီယာဉ်တန်းကို အေနိ(နိုဗမ်ဘာ ၁၃ ရက်နိ) မိုးထ ၈ နာရီလောက်မာ ရက္ခိုင့်တပ်တော် AA က မိုင်းဆွဲတိုက်ခိုက်ခပါရေ။
ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်က ဗိုလ်မှူး ၁ ယောက်နန့် ဗိုလ်ကြီး ၁ ယောက်ကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးရမိခရေလို့ဆိုပါရေ။
ဖြစ်စဉ်မာ မင်းပြားတိုင်းဗဟို (၉)ကထွက်လာရေ စစ်ကောင်စီယာဉ်တန်းကို ရက္ခိုင့်တပ်တော်က မိုင်းဆွဲ တိုက်ခိုက်ခါ စစ်ကောင်စီကား ၁ စီး မီးလောင်လားခပြီးကေ စကစ တပ်ဖွဲဝင်တချို့ သီဆုံးလားပနာ ဗိုလ်မှူး ၁ ယောက်နန့် ဗိုလ်ကြီး ၁ ယောက်ကို ဖမ်းရခြင်းဖြစ်ပါရေ။
ယင်းအပြင် ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ စစ်ကားနှစ်စီးကိုပါ သိမ်း ပိုက်ရဟိခရေလို့သိရပါရေ။
လက်ဟိ ရက္ခိုင်ပြည် မင်းပြားမြို့နယ်နန့်ရသေ့တောင်မြို့နယ်ရို့မာ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့ တိုက်ပွဲ ဖြစ်ပွားလျက်ဟိပါရေ။