
APM၊ နိုဗမ်ဘာ ၁၃ /၂၀၂၃
ဒေနိ(နိုဗမ်ဘာ ၁၃ ရက်နိ) မိုးထ ၈ နာရီလောက်ကစလို့ မြောက်ဦး၊ မင်းပြားနန့်ရသေ့တောင်မြို့နယ်ရို့မာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ချေတိနန့် ရမ်းသမ်းပစ်ခတ်နီလို့ ဒေသခံ လမ်းလားလမ်းလာတချို့ သီဆုံး၊ ဒဏ်ရာရ လားမှုတိဟိကြောင်း သိရပါရေ။
ဒေနိမိုးထ ၈ နာရီက မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ရွာသို့ လားရေ ကားသမားတိနန့် ခရီးသည်တိကို စစ်ကောင်စီတပ်က လက်နက်ချေနန့် ပစ်ခတ်ရလို့ ကားသမား ၂ ယောက်သီဆုံးခပနာ ခရီးသည်တချို့ ဒဏ်ရာရလားခပါရေ။
အလားတူဒေနိမိုးထ ၈ နာရီကျော်လောက်က မင်းပြားမြို့နယ်၊ ဖားပြိုရွာ တန်းထားအရှိဖက် ညောင်ပင်ချိုင့်ကွင်းအနားမာ စပါးရိတ်နီရေ ဒေသခံတိကို စစ်ကောင်စီတပ်က လက်နက်ကြီးနန့် လှမ်းပစ်ခပါသိမ့်ရေ။
မင်းပြားပစ်ခတ်မှုမာတော့ မင်းပြားမြို့နယ်၊ ဖေသာပြင်ရွာက အသက် ၅၄ နှစ်အရွယ် ဦးကျော်သိန်းဖြူဆိုသူ ပြင်းပြင်းထန်ထန်ဒဏ်ရာရလားပါရေ။
ယင်းအပြင် ရသေ့တောင်အခြီစိုက် စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့တိကလည်း ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားရေ ဒုံးပိုက်နန့် ချိန်ခါလီ နယ်ခြားစောင့်စခန်းတိဖက်သို့ လက်နက်ကြီးနန့် ပစ်ခတ်နီလို့ ဒေသခံတချို့ထိခိုက်ဒဏ်ရာရမှုဟိကြောင်း ကြားသိရကေလေ့ APMအနီနန့် သီးခြား အတည်မပြုနိုင်သိမ့်ပါ။
အသေးစိတ်အချက်အလက်တိကို ဆက်လက်စုံစမ်းနီပါရေ။


