(နိုဗမ်ဘာ ၆ ရက်နိမှ ၁၂ ရက်နိအထိ)
၁။ ၆-၁၁-၂၀၂၃ (တနင်္လာ)
ရသေ့တောင်မာ ဒေဂုရက်ပိုင်းအတွင်း စစ်ကောင်စီက ဒေသခံပြည်သူတိကို အယင်ကထက်စစ်ဆီးမှုတိတင်းတင်းကျပ် ကျပ် ပြုလုပ်လာနီရေလို့ သိရပါရေ။
၂။၇-၁၁-၂၀၂၃ (အင်္ဂါ)
(၁) သံတွဲမြို့နယ်မာ ပင်လယ်ထဲသို့လက်နက်ကြီး စမ်းသပ်ပစ်ခတ်ဖို့ဆိုပြီးကေ စစ်ကောင်စီက ပင်လယ် ကမ်းနား၊ ကမ်းဝီး ငါးဖမ်းဘုတ်တိအပါအဝင် ရီကြောင်းလားလာ စွာတိအားလုံးကို နိုဗမ်ဘာ ၆ ရက်ကနိမှ နိုဗမ်ဘာ ၉ ရက်ထိ ၃ ရက်တိတိ ထွက်မလားရလို့ ပိတ်ပင်ထားပါရေ။
(၂) နိုဗမ်ဘာ ၇ ရက်နိမာ ကျရောက်တေ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ (၄၅) နှစ်ပြည့်မွီးနိသို့ အမျိုးသားညီညွတ်ရီး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက မွီးနိဆုတောင်း မိတ္တာ သဝဏ်လွှာပီးပို့ပါရေ။
(၃) နိုဗမ်ဘာ ၇ ရက်နိက မြောက်ဦးမာ အရပ်ဝတ်ဝတ်ပြီးကေ ကားနန့်ပတ်လားနီရေစစ်ကောင်စီက ရဲသား (၅)ယောက် ကို ရက္ခိုင့် တပ်တော်က ထိန်းသိမ်းစစ်ဆီးခပါရေ။
(၄) အမ်း၊ တပ်တောင်ရဲစခန်းက စခန်းမှူးနန့် ရဲတပ်ဖွဲ့ဝင် (၂)ယောက်ကို နိုဗမ်ဘာ ၇ ရက်နိက စစ်ကောင်စီက ဖမ်းဆီး လားပါရေ။
၃။၈-၁၁-၂၀၂၃(ဗုဒ္ဓဟူး)
မင်းပြားအခြီစိုက် စစ်ကောင်စီတပ် တိုင်းဗဟို( ၉)က နိုဗမ်ဘာ ၈ ရက်နိ မိုးထက လက်နက်ကြီးပစ်ခတ်ခပါရေ။
၄။ ၉-၁၁-၂၀၂၃(ကြာသပတီး)
(၁) စစ်တွေမာ နိုဗမ်ဘာ ၉ ရက်နိမိုးထစောစော ၃ နာရီကျော်လောက်က စစ်တွေမြို့ဆင်ကူးလမ်း အကွက်(၄) က ဦးမောင်သိန်းနိုင် (၃၄ နှစ်)၊ ဦးအောင်ကိုကို( ၃၂နှစ်)၊ ကိုဆင်ချေ(၂၂နှစ်)၊ ကိုအောင်မိုးကြည် (၂၈) ရို့ ဒေသခံအမျိုးသား ၄ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တိ ဖမ်းဆီးလားပါရေ။
(၂) မြောက်ဦးမြို့အတွင်း လမ်းလားလမ်းလာ ဒေသခံပြည်သူတိကို စစ်ကောင်စီတပ်ဖွဲ့နန့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တိပူးပေါင်းပနာ တင်းတင်းကျပ်ကျပ်စစ်ဆီးနီပါရေ။
(၃) နိုဗမ်ဘာ ၉ ရက်နိက မြေပုံမြို့နယ်မာ စစ်ကောင်စီတပ် ဝင်ရောက်စစ်ဆီးခလို့ ဒေသခံတချို့ ထွက်ဗြီးတိမ်းယှောင်နီရပါရေ။
၅။၁၀-၁၁-၂၀၂၃(သောကြာ)
(၁) Devolopment Media Group (DMG) သတင်းထောက် ကိုထက်အောင်နန့် ရုံးစောင့် ကိုစိုးဝင်းအောင်ရို့ကို စစ်ကောင်စီက ဖမ်းဆီးပြီးကေ ဆက်သွယ်ရီးဥပဒေ ပုဒ်မ ၆၅ နန့်တရားစွဲဆိုထားမှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက နိုဗမ်ဘာ ၉ ရက်နိမာ သဘောထားထုတ်ပြန်ပါရေ။
(၂) မောင်တောမာ နိုဗမ်ဘာ ၉ ရက်နိက လူ ၂၀လောက်က အုပ်စုဖွဲ့ပနာ နီအိမ်တလုံးကို မီးတိုက်ပြီးကေ မိသားစု ၅ ယောက်ကို ဖမ်းယူလားပါရေ။