
APM ၊ နိုဗမ်ဘာ ၁၃ / ၂၀၂၃
မင်းပြားမြို့နယ်၊ ဖားပြိုရွာနားမာ ဒေနိ ( နိုဗမ်ဘာ ၁၃ ရက်နိ) မိုးထကစလို့ ရက္ခိုင့်တပ်တော် AA နန့်စစ်ကောင်စီတပ်ရို့ကြား တိုက်ပွဲဖြစ်နီကြောင်းသိရပါရေ။
“ဒေနိ မိုးထ ၇ နာရီကျော်လောက်က ဖားပြိုရွာနားက မိုင်းပေါက်သံကြားလိုက်ရရေ။ ပြောသံကြားစွာကတော့ တိုင်းဗဟို ၉ ကထွက်လာရေ စစ်ကားနှစ်စီးကို AA က မိုင်းဆွဲတိုက်ခိုက်စွာလို့ပြောကတ်တေ။ ကျနော်ရို့ချောင်းကြည့်ခါ စစ်ကား တစီးတော့ မီးလောင်လို့ တွိပါရေ” လို့ ဒေသခံတယောက်ကပြောပါရေ။
မိုင်းပေါက်ပြီးနောက် လက်နက်ချေတိနန့် တဖက်နန့်တဖက် အပြန်အလှန် မိနစ် ၃၀ လောက် ပစ်ခတ်ခသိမ့်ကြောင်း သူကဆိုပါရေ။
လက်ဟိ မင်းပြား၊ ကျိန်းတောင်အပြင် မင်းပြားအခြီစိုက် စစ်ကောင်စီတပ်ရင်းတိကလည်း ယင်းတိုက်ပွဲဖြစ်တေ နီရာသို့ လက်နက်ကြီးတိနန့် တရစပ်ကူပီးနီကြောင်း သိရပါရေ။

Please follow and like us: