
APM ၊ နိုဗမ်ဘာ ၁၃ / ၂၀၂၃
ဒေနိ(နိုဗမ်ဘာ ၁၃ ရက်နိ) ညဇာ ၅ နာရီကျော်မာ စစ်ကောင်စီတပ်က လက်နက်ကြီးနန့် ပစ်ခတ်မှုကြောင့် ကျောက်တော်မြို့နယ် အပေါက်ဝရွာသားနှစ်ယောက် သီဆုံးလားပြီးကေ ဒဏ်ရာ ၄ ယောက်ရလားရေအထဲက တယောက်မာ ပြင်းထန်ဒဏ်ရာရလားကြောင်း သိရပါရေ။
သီဆုံးလားလူနှစ်ယောက်မာ အပေါက်ဝချောင်းဖျားရပ်ကွက်က ဒေါ်မသန်းကျော့(၆၃နှစ်)နန့် အပေါက်ဝချောင်းဝရပ်ကွက်က ဦးအောင်ကျော်စိုး(၇၂နှစ်)ဖြစ်ပြီးကေ ပြင်းထန်ဒဏ်ရာရလားလူမာ ဒေါ်ချောင်းနားစိန် ဖြစ်ပါရေ။
ဒေနိမိုးထပိုင်းမာ စစ်ကောင်စီ၏ အပေါက်ဝနယ်မြီရဲစခန်းက ရက္ခိုင့်တပ်တော် AA ထံလက်နက်ချ အလင်းဝင်လား ပြီးနောက်ပိုင်း ကန်ဇောက်တောင်မာ တပ်စွဲထားရေ စစ်ကောင်စီတပ်က ယင်းရွာကို လက်နက်ကြီးနန့် အဆက်မပြတ် ပစ်ခတ်နီစွာဖြစ်ပါရေ။
ယင်းလက်နက်ကြီး ကျည်တိစွာ ရွာထဲသို့ ကျရောက်ပေါက်ကွဲခပြီးကေဒေါ်မသန်းကျော့နန့် ဦးအောင်ကျော်စိုးရို့ နီရာမာပင် ဂွင်တိုင်း သီဆုံးလားပနာ ဒေါ်ချောင်းနားစိန်မာ ခြီတဖက်ပြတ်ထွက်လားပါရေ။
လက်ဟိမာလည်း အပေါက်ဝရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတိနန့် အဆက်မပြတ် ပစ်ခတ်နီရေပိုင် ညည့်အချိန် စစ်ကောင်စီတပ်က ရွာကို မီးတိုက်ဖို့လို့ သတင်းထွက်နီလို့ ရွာသူ/ရွာသားတိ ဖီးလွတ်ရာသို့ တိမ်းယှောင်နီကတ်ရရေလို့ သိရပါရေ။
