
APM၊အောက်တိုဘာ ၁၃/ ၂၀၂၄
ရက္ခိုင်မာ အောက်တိုဘာ ၁ ရက်နိကစလို့ အောက်တိုဘာ ၁၁ ရက်နိအထိ ၁၁ ရက်တွင်း စစ်ကောင်စီလီကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂၇ ယောက်သီဆုံးလားပြီးကေ ၅၃ ယောက် ထိခိုက်ဒဏ်ရာရ ဟိလားကြောင်း Arakan Princess Media ၏ ကောက်ယူထားရေ စာရင်းတိအရ သိရပါရေ။
Arakan Princess Media ကောက်ယူထားရေ စာရင်းအရ စစ်ကောင်စီ၏ လီကြောင်းတိုက်ခိုက်မှုကြောင့် သီဆုံးလားရေ အပြစ်မဲ့ ပြည်သူရို့မာ ကျောက်တော်မြို့နယ်က ၅ ယောက်၊တောင်ကုတ်မြို့နယ်က ၁၉ ယောက်၊ မောင်တောမြို့နယ်က ၂ ယောက်နန့်သံတွဲမြို့နယ်က ၁ ယောက်ရို့ဖြစ်ကတ်ပါရေ။
ဒဏ်ရာရဟိလားရေလူတိကတော့ အမ်းမာ ၁ ယောက်၊ကျောက်တော်မြို့နယ်က ၂၁ ယောက်၊ဂွမာ ၃ ယောက်၊ပေါက်တောမာ ၁ ယောက်၊တောင်ကုတ်မြို့နယ်က ၂၃ ယောက်၊ မောင်တောမြို့နယ်က ၃ ယောက်နန့် သံတွဲက ၁ ယောက် ဖြစ်ကတ်ပါရေ။
အောက်တိုဘာ ၁၁ ရက်နိက အမ်းမြို့နယ်၊မဲလက်မောင်းရွာကို စစ်ကောင်စီက လီကြောင်းဗုံးကြဲတိုက်ခိုက်ခလို့ ဘုန်းကြီးကျောင်းတကျောင်း ပျက်စီးလားခပြီးကေ အပြစ်မဲ့ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာ ရဟိလားပါရေ။
အောက်တိုဘာ ၁၀ ရက်နိ၊ ညဇာ ၄ နာရီ ၂၀ မိနစ်လောက်က အကြမ်းဖက်စစ်ကောင်စီစွာ ကျောက်တော်မြို့ကို ဗုံးကြဲတိုက်ခိုက်ခလို့ အပြစ်မဲ့ အရပ်သား ပြည်သူ ၅ ယောက်သီဆုံးလားပြီးကေ ၂၁ ယောက် ထိခိုက်ဒဏ်ရာရဟိလားပါရေ။
အကြမ်းဖက်စစ်ကောင်စီစွာ အောက်တိုဘာ ၉ ရက်နိ၊ညည့် ၁၁ နာရီခွဲလောက်က ဂွမြို့နယ်၊ ကုလားပြင်တိုက်နယ်၊ ရေကျော်ရွာကို ဂျက်ဖိုက်တာတစီးနန့် ဗုံးကြဲတိုက်ခလို့ အရပ်သားပြည်သူ ၃ ယောက်ထိခိုက် ဒဏ်ရာရဟိလား ရေပိုင် အောက်တိုဘာ ၈ ရက်နိက ပေါက်တောမြို့နယ်၊နတ်တောင်ပြင်ရွာကို စစ်ကောင်စီဗုံး ကြဲတိုက်ခိုက်ခလို့ ဒေသခံ ပြည်သူ ၁ ယောက် ထိခိုက် ဒဏ်ရာ ရဟိလားပါသိမ့်ရေ။
အောက်တိုဘာ ၇ ရက်နိနန့် ၄ ရက်နိမာလည်း တောင်ကုတ်မြို့နယ်၊တန်းလွဲရွာမမြို့၊ အမှတ်(၄)ရပ်ကွက်နန့် ကင်းတောင်ရွာကို စစ်ကောင်စီက ရက်စက်ယုတ်မာစွာ ဗုံးကြဲတိုက်ခိုက်ခလို့ အပြစ်မဲ့ အရပ်သားပြည်သူ ၁၉ ယောက်သီဆုံးလားပြီးကေ ၂၂ ယောက် ထိခိုက်ဒဏ်ရာရဟိလားခရေပိုင် အောက်တိုဘာ ၂ ရက်နိမာလည်း တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူရွာကို စစ်ကောင်စီလီကြောင်းတိုက်ခိုက်ခလို့ ၁၀ ကျော်သက်အရွယ် အချေ ၁ ယောက် ထိခိုက် ဒဏ်ရာရလားကြောင်း သိရပါရေ။
အလားတူ အောက်တိုဘာ ၇ ရက်နိမာ မောင်တောမြို့နယ်၊ခရေမြိုင်ရွာကို စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက်သီဆုံးလားခပြီး၊၃ ယောက်ထိခိုက် ဒဏ်ရာရဟိလားရေပိုင် အောက်တိုဘာ ၁ ရက်နိမာ သံတွဲမြို့နယ်၊ညောင်ခြီထောက်ရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခလို့ အပြစ်မဲ့ပြည်သူ ၁ ယောက် သီဆုံးလားပနာ တယောက်ထိခိုက် ဒဏ်ရာရဟိလား ခသိမ့် ကြောင်းလည်း သိရပါရေ။
ယင်းအပြင် စစ်ကောင်စီ၏ အဆိုပါ လီကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း အဆောက်အအုံအများအပြားမာလည်း ထိခိုက်ပျက်စီးလားခပါသိမ့်ရေ။
