APM ၊ အောက်တိုဘာ ၁၃/၂၀၂၃
ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောရွာက ဆရာမဒေါ်နှင်းယုနွယ်အ သတ်ခံရမှုမှာ သတ်ဖြတ်သူ တရားခံက ဝန်ခံလိုက်ဗျာယ်ဖြစ်ကြောင်း ULA/AA ပြန်ကြားရီးတာဝန်ခံဦးခိုင်သုခက ပြောကြားလိုက်ပါရေ။
ဦးခိုင်သုခက “ဆရာမဒေါ်နှင်းယုနွယ်အသတ်ခံရမှုကိစ္စမာ တရားခံအစစ်ကို ကျနော်ရို့ဖော်ထုတ်နိုင်ဗျာယ် ဖြစ်ပါရေ။ တရားခံ မောင်မောင်အေးက သူ ဇာကြောင့်၊ ဇာပိုင် သတ်ပစ်ခရေ ဆိုစွာကို တရားခံကိုယ်တိုင် ဝန်ခံထားပြီးဖြစ်ပါရေ။ နောက်ပြီးကေ သတ်တေနီရာသို့လားပြီးကေ သူကိုယ်တိုင် ဇာပိုင်သတ်ခရေ ဆိုစွာကို သရုပ်ပြပနာ ဝန်ခံထားပြီးဖြစ်ပါရေ။ ယေကေလေ့ ဒေအမှုမာ ဆက်စပ် စစ်ဆီးစရာကိစ္စတိကျန်နီသိမ့်ရေအတွက်ကြောင့် တခြား အသေးစိတ်အချက်အလက်တိကိုတော့ လာဖို့ရက် ပိုင်းတိမာ ဆက်လက် ထုတ်ပြန်ပီးလားဖို့ဖြစ်ပါရေ”လို့ Arakan Princess Media သို့ ပြောပါရေ။
တရားခံမောင်မောင်အေးစွာ ရက္ခိုင့်တပ်တော်၏တရားရီးဌာနက စစ်ဆီးမိန်းမြန်း ရေခါ သတ်ဖြတ်ခပုံအသေးစိတ်ကို သူကိုယ်တိုင် ဝန်ခံခြင်း ဖြစ်ပြီးကေ သူ ပြစ်မှုကျူးလွန်ခပုံကိုလည်း အောက် တိုဘာ ၁၂ ရက်နိမာ သရုပ်ပြခပါရေ။
မောင်မောင်အေးစွာ မလေးသျှားနိုင်ငံမာ အလုပ်လုပ်နီခါ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်ကို Facebook Messengerက ချစ်ရီးဆိုခရာ ဆရာမက မကြိုက်ကြောင်း တုံ့ပြန်ခရေအတွက် ဆရာမကို အငြိုး ထားပြီးကေ သူရွာသို့ ပြန်ရောက်ခါ ဆရာမကို သတ်ဖြတ်ခခြင်းဖြစ်တေလို့ တရားခံမောင်မောင်အေးက တရားရီးဌာနမာ ဝန်ခံထားပါရေ။
ဆရာမဒေါ်နှင်းယုနွယ်အသတ်ခံရမှုနန့်ဖမ်းဆီးစစ်ဆီးနီစဉ်အတွင်းမာလည်း မောင်မောင်အေးစွာစပ်တမ်ဘာ ၁၉ ရက်နိက ထွက် ဗြီးလွတ်မြောက်လားခပြီးကေ စပ်တမ်ဘာ ၂၆ ရက်နိမာပြန်ဖမ်းမိခလူ ဖြစ်ပါရေ။
ဆရာမဒေါ်နှင်းယုနွယ်စွာ ပန်းဖော်ပြင် အလယ်တန်းကျောင်းမာ တာဝန်ကျနီရေ အလယ်တန်းပြ ဆရာမ တယောက် ဖြစ်ပြီးကေ စပ်တမ်ဘာ ၁၆ ရက်နိက စာပြဖို့လားစဉ် ပေါက်တော-ပန်းဖော်ပြင်လမ်းမာ လိုင်လှီးသတ်ဖြတ်ခံခရစွာဖြစ်ပါရေ။