APM၊ အောက်တိုဘာ ၁၃ / ၂၀၂၃
ကချင်ပြည်၊ ခါယာတောင်မာ တပ်စွဲထားရေစစ်ကောင်စီတပ်စခန်းက ကချင်လွတ်လပ်ရီးတပ်မတော် KIA ဌာနချုပ် တည်ရာ လိုင်ဇာမြို့ပတ်ဝန်းကျင်သို့ ဒေနိ(အောက်တိုဘာ ၁၃ ရက်နိ)မာလည်းလက်နက်ကြီးတိနန့် လှမ်းပစ်နီရေလို့ သိရပါရေ။
ကချင်ပြည်အတွင်း စစ်ကောင်စီတပ်နန့် KIA အပါအဝင် K-PDF ရို့တိုက်ပွဲတိဖြစ်လို့ စစ်ကောင်စီတပ် အထိနာတိုင်း စစ်ရီး ထွက်ပေါက်ရှာရေအနီနန့် စစ်ကောင်စီက KIA ဌာနချုပ်ဟိရာ လိုင်ဇာမြို့သို့ လက် နက်ကြီးတိနန့် လှမ်းပစ်လိဟိပါရေ။
ဒေနိမာလည်း စစ်ကောင်စီတပ်စွာ ညဇာ ၆ နာရီ ၅၂ မိနစ်လောက်ကပင် ၎င်းရို့တပ်စွဲထားရာ ခါယာတောင် စခန်းကနီ လက်နက်ကြီး တိနန့်လှမ်းပစ်နီရေလို့ ဒေသခံတိက ပြောပါရေ။
ယင်းလက်နက်ကြီးကျည်တိစွာ လိုင်ဇာမြို့နား မုန်လိုင်ခတ်သို့ကျရောက်နီရေလို့ ဒေသခံတိက ဆိုပါရေ။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနီတိကိုတော့ မသိရသိမ့်ပါ။
အောက်တိုဘာ ၉ ရက်နိ ညည့်ကလည်း စစ်ကောင်စီတပ်စွာ မုန်လိုင်ခတ်ဟိ စစ်ဖီးယှောင်စခန်းကို လက်နက်ကြီးနန့် ပစ် ခတ်တိုက်ခိုက်ခလို့ စစ်ဖီးယှောင်အချေသူငယ်တိနန့် အမျိုးသမီးတိအပါအဝင်လူပေါင်း ၃၀ နီးပါး အစုလိုက်အပြုံ လိုက် သီဆုံးခရပါရေ။
တချိန်တည်းမာ လိုင်ဇာဟိ AA က တပ်ဖွဲ့ဝင် ၁ ယောက်ကျဆုံးခရပြီးကေ AA တပ် ဖွဲ့ဝင်၁၀ ယောက်ထက်မနည်း ထိ ခိုက် ဒဏ်ရာရလားခရေလို့ သိရပါရေ။
စပ်တမ်ဘာ ၂၈ ရက်နိကလည်း ခါယာတောင်စစ်ကောင်စီတပ်စစ်ခန်းက မုန်လိုင်ခတ်ဟိ AA ၏ စခန်းတိသို့ လက် နက်ကြီး နန့် ပစ်ခတ်တိုက်ခိုက်ခပြီးကေ ယင်းပစ်ခတ်မှုကြောင့် AAဖက်က ဗိုလ် ကြီးတယောက်ကျဆုံးခပနာ တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရလား ခပါသိမ့်ရေ။
ယင်းသို့ စစ်ကောင်စီတပ်က တသိတမင် ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးတိနန့် ပစ်ခတ်တိုက်ခိုက်နီမှုအပေါ် ရက္ခိုင့် တပ်တော်ဖက်က လိုအပ်တေပိုင် တုံ့ပြန်လားဖို့လို့ ပြောဆိုထားပါရေ။
ပုံစာ- အောက်တိုဘာ ၉ ရက်နိညည့်က မုန်လိုင်ခတ်ကို စစ်ကောင်စီတပ် ပစ်ခတ်ခရေလက်နက်ကြီးကျည်စ တခု။