
APM၊ ဂျန်နဝါရီ ၁၃/ ၂၀၂၅
မန္တလေး၊ မြင်းခြံ-တောင်သာလမ်းပိုင်းမာ အင်အား ၁၀၀ လောက်ပါရေ စစ်ကောင်စီတပ်စစ်ကြောင်းကို မြင်းခြံတော်လှန်ရီးတပ်တိက ကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သီဆုံးခကြောင်း NUG က ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အတွင်း “မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နန်းမြင့်ရွာနန့် တောင်ရှေ့ရွာသို့ စစ်ကြောင်းထိုးပြီး ပြန်လာသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ ခြီမြန်တပ်ရင်း (ခမရ-၁၅)၊ ရဲ နန့် ပျူစောထီး ပူးပေါင်းအင်အား (၁၀၀) လောက်ကို မြင်းခြံ-တောင်သာလမ်းပိုင်းမာ ၂၀၂၅ ခုနှစ်၊ ဂျန်နဝါရီလ (၁၂) ရက်နိက ပြည်သူ့ကာကွယ်ရီးတပ်မတော်(PDF)၊ မြင်းခြံခရိုင် တပ်ရင်း (၁၊ ၂၊ ၇) တို့ ပူးပေါင်းပနာ တိုက်ခိုက်ခြီမှုန်းခသည်” လို့ဖော်ပြထားပါရေ။
တိုက်ပွဲအတွင်း ရန်သူ့ဖက်က (၂၀) ကျော် သီဆုံးခပနာ၊ MA-1 (၁) လက်၊ MA-3 (၆) လက်၊ G-3 (၃) လက်၊ MA ကျည် (၅၁) တောင့်၊ G-3 ကျည် (၁၅၉) တောင့်၊ 9Volt ကျည် (၈) တောင့်၊ ကျည်အိမ် (၂၄) ခု၊ Jammer အကြီး (၁) လုံး၊ ကျောပိုး Jammer (၁) လုံး သိမ်းဆည်းရမိခကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။

