
Bangladeshi street peoples gathered to collect foods sit in lines, adopting social distancing rules as they received relief materials provided by local community during the nationwide lockdown as a preventive measure against the COVID-19 coronavirus pandemic in Dhaka, Bangladesh on April 3, 2020. (Photo by Sipa USA)No Use UK. No Use Germany.
APM၊ ဂျန်နဝါရီ ၁၃ / ၂၀၂၃
ဘင်္ဂလားဒေ့ချ်နိုင်ငံသည် ၎င်းရို့၏အဓိက ပို့ကုန်ဖြစ်သည့် အထည်ချုပ်ပို့ကုန်လုပ်ငန်းတွင် ကမ္ဘာ့ဝယ်လိုအား ကျ ဆင်းမှု၊ တာကာငွေကြေး မတည်မငြိမ်မှုနန့် ငွေကြေးဖောင်းပွမှုရို့ကို ရင်ဆိုင်နီရပြီး၊ ပြီးခသည့် ၂၀၂၂ခုနှစ် ဂျုလိုင် လက ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ထံမှ ချေးငွေဒေါ်လာ ၄.၅ ဘီလီယံ ရယူထားရကြောင်း သိရသည်။
ဘင်္ဂလားဒေ့ချ်၏ စီးပွားရီးသည် ကိုဗစ်ကပ်ရောဂါကြောင့်အပါအဝင် ဆက်လက်ဖြစ်ပွားနီသည့် ရုသျှ-ယူကရိန်း စစ်ပွဲကြောင့်လေ့ အားနည်းချက်များ ဖြစ်ပေါ်နီပြီး၊ ဘင်္ဂလားဒေ့ချ်၏ လူသားဖွံဖြိုးမှု ညွှန်းကိန်း (HDI) ၊ တဦးချင်း ဝင်ငွေ၊ စုစုပေါင်းအမျိုးသားဝင်ငွေ(GNI) စသည့် ညွှန်းကိန်းများလေ့ စဉ်ဆက်မပြတ် မြင့်တက်လာနီသည်။
နိုင်ငံ၏ ဝင်ငွေမညီမျှမှုပြဿနာသည် ဆင်းရဲမွဲတေမှုဖြစ်ပေါ်ရသည့် အဓိကအကြောင်းရင်းဖြစ်ပြီး၊ နိုင်ငံ၏ Gini coefficient (စီးပွားရီး မညီမျှမှု အတိုင်းအတာ) သည် ၂၀၁၀ ခုနှစ်တွင် ၀.၄၅၆ မှ ၂၀၁၆ ခုနှစ်တွင် ၀.၄၈၂ သို မြင့်တက်လာခသည်။
ဘင်္ဂလားဒေ့ချ်နိုင်ငံ၏ နိုင်ငံ့ဝင်ငွေ စုစုပေါင်းသည်လေ့ ၂၀၁၀ခုနှစ်တွင် ၃၅.၉ ရာခိုင်နှုန်းဟိရာမှ ၂၀၂၀ခုနှစ်တွင် ၃၃.၉ ရာခိုင်နှုန်း အထိ ကျဆင်းလားခသည်။
လက်ဟိ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ စီးပွားရီးတိုးတက်မှုသည် အရှိအာသျှ နန့် တောင်အာသျှဒေသဟိ နိုင်ငံပေါင်း ၁၉ နိုင်ငံ၌ အဆင့် ၁၄ တွင်ဟိကြောင်း သိရသည်။
Source – A looming Economic Crisis in Bangladesh
Photo – The Diplomant / Atlantic Council
