
APM ၊ ဂျန်နဝါရီ ၁၃ / ၂၀၂၃
မနွယ်သန္တာဝင်း အသတ်ခံရမှုနန့် ပတ်သက်၍ စစ်ကောင်စီမှ မတရားဖမ်းဆီး တရားစွဲဆိုထားသည့် မောင်မျိုးချစ်စိုး အမှုအား အပြီးသတ်အမိန့်ချဖို့ကို စစ်တွေထောင်တွင်းတရားရုံးမှ အကြောင်းအမျိုးမျိုးပြလျက် ရုံးချိန်းအကြိမ်ကြိမ် ရွှိဆိုင်းနီကြောင်း သိရသည်။
မောင်မျိုးချစ်စိုးသည် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့၊ (၅)ရပ်ကွက်မှဖြစ်ပြီး၊ စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက် ဟိ ဂတ်စ်ဆိုင်တဆိုင်တွင် လာရောက်အလုပ်လုပ်ကိုင်နီသူဖြစ်ကာ၊ ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ ဩဂတ်စ် ၁၅ ရက်နိက မနွယ်သန္တာဝင်း အသတ်ခံရပြီးနောက် တရက်အကြာ၌ စစ်တွေ အမှတ်(၁)ရဲစခန်းမှ ဖမ်းဆီးလားခခြင်း ဖြစ်သည်။
ယင်းနောက် မောင်မျိုးချစ်စိုးကို စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်း၊ စခန်းမှူးက တရားလိုလုပ်ကာ ဥပဒေ ပုဒ်မ ၃၀၂ (လူသတ်မှု)နန့် မတရားသဖြင့် တရားစွဲဆိုပြီး စစ်တွေထောင်တွင်းတရားရုံး၌ ရုံးထုတ်စစ်ဆီးနီခြင်းဖြစ်သည်။ အမှု တွင် ခံပြသက်သီ၊ လိုပြသက်သီများ အားလုံး စစ်ဆီးပြီးစီး၍ အပြီးသတ်အမိန့်ချရန် ကျန်နီခြင်းဖြစ်သည်။
အမှုကို အပြီးသတ်အမိန့်ချရန် ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ ဒီဇမ်ဘာ ၃၀ ရက်နိက ပထမအကြိမ်ရုံးချိန်းခပြီး အကြောင်း ပြချက်မည်မည်ရရမဟိပါဘဲ ဂျန်နဝါရီ ၁၂ ရက်နိသို့ ရုံးချိန်းရွှိဆိုင်းခသည်။ သို့သော် အဂု ဂျန်နဝါရီ ၁၂ ရက်နိ ရုံးချိန်း တွင်လေ့အဆင်သင့်မဖြစ်သိမ့်ဆိုကာ လာမည့် ဂျန်နဝါရီ ၂၇ ရက်နိသို့ ဒုတိယအကြိမ် ရုံးချိန်း ထပ်မံ ရွှိဆိုင်းလိုက် ပြန်သည်။
မနွယ်သန္တာဝင်းသည် ၂၀၂၂ခုနှစ်၊ ဩဂတ်စ် ၁၅ ရက်နိ၊ ညဇာ ၆ နာရီဝန်းကျင်၌ သူမအလုပ်လုပ်နီသော “Luminous/ Livguard” ပလပ်စတစ်ပစ္စည်းနန့်လူသုံးကုန်အရောင်းအဝယ်ဆိုင်၏ စတိုခန်းအတွင်း၌ ဝမ်းခေါင်းတွင် ထိုးသွင်း ဒဏ်ရာများ၊ လိုင်ပင်းတွင် ညိုမဲဒဏ်ရာများဖြင့် သီဆုံးနီခြင်း ဖြစ်သည်။
ယင်းအမှုနန့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကလေ့ မနွယ်သန္တာဝင်းအား သတ်ဖြတ်ရာ၌ သံသယ ဟိသူ KKS&KMK ကုမ္ပဏီလီမီတက်၏ မန်နေဂျာ ဦးမျိုးမြင့်ဇော်(၃၄နှစ်)အားဖမ်းဆီး၍ ဥပဒေလုပ်ထုံးလုပ်နည်းများ နန့်အညီ ရုံးတင်တရားစွဲဆိုခပြီး၊ လက်ဟိတွင် ယင်းအမှုမှာ စွဲချက်တင်သည့်အဆင့်သို့ ရောက်နီကြောင်း ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက သတင်းစာယှင်းလင်းပွဲ၌ ပြောကြားထားသည်။
