
APM၊ ဂျန်နဝါရီ ၁၃/၂၀၂၃
တရုတ်နိုင်ငံနန့်ပတ်သက်၍စိုးရိမ်မှုများပြင်းထန်လာချိန်မှာ ဂျပန် နန့် အမေရိကန် နှစ်နိုင်ငံ လုံခြုံရီးပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်လိုက်ကြောင်း ဗုဒ္ဓဟူးနိက ကြေညာသည်။
ဝါသျှင်တန်မှာ ဂျပန်နိုင်ငံခြားရီးဝန်ကြီး Yoshimasa Hayashi နန့် အမေရိကန် ကာကွယ်ရီးဝန်ကြီး Lloyd Austin ရို့တွိဆုံခပြီးနောက် နှစ်နိုင်ငံပူးတွဲကြေညာ ချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။
ကြေညာချက်တွင် ဂျပန် နန့် အမေရိကန် နှစ်နိုင်ငံအကြား မဟာဗျုဟာဆက်ဆံရီး ပိုမိုခိုင်မာအောင်တည် ဆောက် ပြီး၊ အရှိတရုတ်ပင်လယ်နန့် ထိုင်ဝမ်တဝိုက် တရုတ်စစ်တပ်၏ ခြိမ်းခြောက်မှုများကို ဟန့်တားရီးအစီအစဉ် များ၊ ဂျပန်နိုင်ငံအိုကီနာဝါကျွန်းဟိ အမေရိကန် ရီတပ်အခြီစိုက်စခန်း၌အဆင့်မြင့်ထောက်လှမ်းရီးစနစ်များနန့်မရိန်းတပ် အသစ်များ ချထားရီးအပြင်၊ အာကာသနန့် အဆင့်မြင့် စစ်ရီးနည်းပညာ ပူးပေါင်းဆောင်ရွက်ရီးသဘော တူညီချက် သစ်များ ပါဝင်ကြောင်း သိရသည်။
အမေရိကန်သမ္မတJoe Biden နန့် ဂျပန်ဝန်ကြီးချုပ် Fumio Kishida ရို့၏ ဒေနိ ဂျန်နဝါရီ ၁၃ ရက်နိတွိဆုံဆွေးနွေး ပွဲမှာလေ့ လုံခြုံရီးနန့် ကမ္ဘာ့စီးပွားရီး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးဖို့ မျှော်လင့်ထားပြီး၊ယင်းဆွေးနွေးပွဲ၌ တရုတ် နိုင်ငံသို့ ဆီမီးကွန်ဒတ်တာတင်ပို့မှု ထိန်းချုပ်ခြင်းလေ့ ပါဝင်နိုင်ဖွယ်ဟိကြောင်း Reutersသတင်းဌာနက ဖော်ပြ သည်။
Source- U.S. and Japan agree to step up security cooperation amid China worries
Photo – Reuters
