APM ၊ ဂျန်နဝါရီ ၁၃ / ၂၀၂၃
သီရိလင်္ကာနိုင်ငံ၏ ထိပ်တန်းအရာဟိ ၄ ဦးအပေါ် ကနေဒါနိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့ထားမှုနန့်ပတ်သက်၍ပြန်လည် ပြင်ဆင်ပီးရန် ကနေဒါသံအမတ်ကို ဂျန်နဝါရီ ၁၀ ရက်နိမှာ သီရိလင်္ကာနိုင်ငံခြားရီးဝန်ကြီးဌာနက ဆင့်ခေါ်ခသည်။
တမီးလ်လူမျိုးများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခမှုနန့်ပတ်သက်သည်ဟုဆိုကာ သိရိလင်္ကာ ထိပ်တန်း ၄ ဦးဖြစ်သည့် သမ္မတ ဟောင်း Gotabaya Rajapaksa၊ သမ္မတဟောင်း၏အစ်ကို Mahinda Rajapaksa နန့် အကြီး တန်းစစ်ဖက်အရာဟိ နှစ်ဦးရို့အား ကနေဒါနိုင်ငံမှ ငွေကြေးဆိုင်ရာကိစ္စရပ်များအပါအဝင် ကနေဒါ နိုင်ငံထဲသို့ ဝင် ရောက်ခွင့်ပါ ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း Ottawa က ဂျန်နဝါရီ ၉ ရက်နိမှာ ကြေညာခခြင်းဖြစ်သည်။
သီရိလင်္ကာနိုင်ငံခြားရီးဝန်ကြီးဌာနသို့ ကနေဒါယာယီမဟာမင်းကြီး Daniel Bood လားရောက် တွိဆုံစဉ် သီရိ လင်္ကာနိုင်ငံခြားရီးဝန်ကြီး Ali Sabry က အဆိုပါဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပြင်ဆင်ပီးရန် တိုက်တွန်းခ ကြောင်း သိရသည်။
၂၀၀၀ ခုနှစ်က တမီးလ်လူမျိုးများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာပါဝင်ခသည့် Sunil Ratnayake ကို တရားရုံးက သီဒဏ်ချမှတ်ခကေလေ့ သမ္မတ Gotabaya Rajapaksa က လွတ်ငြိမ်းချမ်းသာခွင့် ပီးခသည့်အပြင်၊ ရီတပ်မှူး Chandana Prasad Hettiarachchi မှာလေ့ သတ်ဖြတ်မှု၌ ပါဝင်ပတ်သက်သည်ဟု ဆိုသည်။
ကနေဒါနိုင်ငံခြားရီးဝန်ကြီး Melanie Joly က “ဒဏ်ခတ်ပိတ်ဆို့ခံထားရသူများမှာ အစုလိုက်အပြုံလိုက်သတ် ဖြတ် ခမှုအတွက် တာဝန်ဟိပြီး၊ အဂုပိုင် ဒဏ်ခတ်အရေးယူခြင်းမှာ ထိုက်တန်သည်”ဟု ပြောဆိုခသည်။
သီရီလင်္ကာနိုင်ငံခြားရီးဝန်ကြီး Ali Sabry ကတော့ “ဒေပိတ်ဆို့မှုကြောင့် တိုင်းပြည်အတွင်း စစ်ပြီးခေတ် ပြန်လည် သင့်မြတ်ရီးကို အဟန့်အတား ဖြစ်စီကြောင်း” တုံ့ပြန် ပြောကြားခကြောင်း သိရသည်။
Ref; Sri Lanka summons Canada’s ambassador after Ottawa sanctions top officials
Photo – The Toronto Star