
APM၊ ဒီဇမ်ဘာ ၁၂/ ၂၀၂၂
ဥရောပ၊ အမေရိကန် နန့် ဩစတြေလျဟိ ရန်သူများကို ကာကွယ်ရန်အတွက် ဖျက်အား အပြင်းဆုံး လက်နက် များကို ရုသျှ တိုးမြှင့်ထုတ်လုပ်နီကြောင်း ရုသျှသမ္မတဟောင်းလေ့ဖြစ်၊ လက်ဟိ ရုသျှနိုင်ငံ လုံခြုံရီးကောင်စီ၏ လက်ထောက်အကြီးအကဲလေ့ဖြစ်သည့် ဒီမီထရီမက်ဗီဒက်ဗ်က ဒီဇမ်ဘာ ၁၁ရက်နိမှာ ထုတ်ဖော် ပြောဆိုလိုက် သည်။
သမ္မတဟောင်း ဒီမီထရီမက်ဗီဒက်ဗ်က “ရုသျှအနီနန့် ဖျက်အားပြင်းလက်နက် ထုတ်လုပ်မှုကို တိုးမြှင့်လုပ်ဆောင် နီပြီး၊ ယင်းအထဲတွင် နိယာမအသစ်များကို အသုံးပြုရသည့်လက်နက်များလေ့ ပါ၀င်သည်”ဟု သူ၏တယ်လီဂရမ် စာမျက်နှာ၌ ရွီးသားဖော်ပြထားသည်။
ယင်းနောက် ရုသျှ၏ ရန်သူများမှာ မာလိုရော့စီယာဟိ ကိယက်ဗ်မှာရာ မဟုတ် ဥရောပ၊ မြောက်အမေရိက၊ ဂျပန်၊ ဩစတြေလျ၊ နယူးဇီလန် အပါအ၀င် နာဇီ၀ါဒကို လက်ခံသည့် တခြားနီရာအများအပြားတွင်ပါ ခြီကုပ်ယူ ထား သည်ဟုလေ့ သူက ဆိုသည်။
ယင်းအပြင် ရုသျှသမ္မတပူတင်ကလေ့ ရုသျှသည် အသံထက်မြန်သည့်လက်နက်များအပါအ၀င် လက်ဟိဒုံးကျည် စနစ်အားလုံးကို ထိုးဖောက်နိုင်သည့် လက်နက်သစ်များကိုပါ တီထွင်နီကြောင်း အကြိမ်ပေါင်းများစွာ ထုတ်ဖော် ပြောဆိုထားသည်။
Ref: – Russia ramping up production of ‘most powerful’ weapons: Medvedev
Photo – CNA
