
APM၊ ဒီဇမ်ဘာ ၁၂/၂၀၂၂
ဒီဇမ်ဘာ ၁၁ရက်နိ၊ မိုးထ ၂ နာရီ ၃၈ မိနစ်တွင် လသို့ ဂျပန်နိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိက လူမဲ့ အာကာသ ယာဉ်တစီးကို လွှတ်တင်လိုက်သည်။
ယင်းအာကာသယာဉ်ကို အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ Cape Canaveral ဒုံးလွှတ်စခန်းမှ အီလွန်မတ်စ်၏ Space X ကုမ္ပဏီမှ Falcon 9 ဒုံးပျံဖြင့် လွှတ်တင်လိုက်ခြင်းဖြစ်သည်။
တိုကျိုအခြီစိုက် iSpace ကုမ္ပဏီမှ တည်ဆောက်ထားသည့် ယင်းအာကာသယာဉ်သည် မိုင်ပေါင်း ၁ ဒသမ ၆ သန်း ပျံသန်းကာ လသို့ ရောက်ရန် ငါးလခန့်ကြာမည်ဟု သိရသည်။
အာကာသယာဉ်လွှတ်တင်ခြင်းနန့် ပတ်သက်၍ iSpace ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် Takeshi Hakamada က ကုမ္ပဏီ၏ ပထမဆုံး မစ်သျှင်မှာ လ၏အလားအလာကို ထုတ်ဖော်ပြီး၊ ခိုင်မာသည့် စီးပွားရေးစနစ်တခုအဖြစ် ပြောင်းလဲရန် အခြီခံအုတ်မြစ်ချလားမည်ဟု ဆိုသည်။
အဆိုပါအာကာသယာဉ်လွှတ်တင်ခြင်းမှာ iSpace ကုမ္ပဏီ၏ Hakuto-R ဟုခေါ်သော အာကာသအစီအစဉ် ပထမ အဆင့်ဖြစ်ပြီး၊ “Hakuto” ဆိုသည်မှာ ဂျပန်ဘာသာဖြင့် “ယုန်ဖြူ” ဟု အဓိပ္ပါယ်ရသည်။
ဂျပန်နိုင်ငံ၏ ယုန်နှစ်ဖြစ်သည့် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ယင်းအာကာသယာဉ်သည် လ၏မြင်နိုင်ဖက်ခြမ်းသို့ ဆင်း သက်နိုင်မည်ဟု မျှော်လင့်ကြောင်း iSpace ကုမ္ပဏီက ထုတ်ပြန်ထားသည်။
Ref: Japanese start-up launches historic moon mission
Photo – iSPACE/VIA KYODO
