
APM ၊ ဒီဇမ်ဘာ ၁၂/၂၀၂၂
မက်ဆီသည် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ဂိုးအများဆုံးသွင်းယူပီး ခသည့် တိုက်စစ်မှူးဟောင်း ဘာတစ္စတူတာ၏ ဂိုးသွင်းစံချိန် ၁၀ ဂိုးကို လိုက်မီကြောင်းသိရသည်။
အာဂျင်တီးနားအသင်းဂေါင်းဆောင် တိုက်စစ်မှူး မက်ဆီသည် လက်ဟိကမ္ဘာ့ဖလားပြိုင်ပွဲတွင် နယ်သာလန် အသင်းကို ၁ ဂိုး သွင်းယူခအပြီးမှာ ဘာတစ္စတူတာ၏ ဂိုးသွင်းစံချိန်ကိုလိုက်မီလာခြင်းဖြစ်သည်။
အာဂျင်တီးနားအတွက် မက်ဆီသည် ပြီးခသည့်ကမ္ဘာ့ဖလား ၄ ကြိမ်၌ ၆ ဂိုးအထိ သွင်းယူထားပြီး၊ ဒေဂု ကမ္ဘာ့ ဖလားပြိုင်ပွဲတွင်လေ့ ၄ ဂိုးထိသွင်းယူထားပြီးဖြစ်သည်။
လွန်ခသည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် မက်စီသည် ၄ ဂိုးထိသွင်းယူနိုင်ခပြီး၊ ဒေဂုကမ္ဘာ့ဖလားပြိုင်ပွဲ၌လေ့ သူ၏ ၂၀၁၄ ဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်ရန် အလားအလာဟိသည်။
Photo – Hoy Dia Cordoba
