APM၊ ဒီဇမ်ဘာ ၁၂/၂၀၂၂
မော်ရိုကို ကို ယှုံးနိမ့်သည့် ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်အပြီးတွင် စီရော်နယ်ဒိုက သူ့အနီနန့် ပေါ်တူဂီအ သင်းကိုဇာခါလေ့သင့်စွန့်ခွာလိမ့် မည်မဟုတ်ဟု ပြောကြားလိုက်သည်။
“ပေါ်တူဂီအသင်းအတွက် ကမ္ဘာ့ဖလားအရယူပီးနိုင်ဖို့က ကျနော့်ဘဝ၏ အကြီးမားဆုံးရည်မှန်းချက်ဖြစ်ပါရေ။ ဒေချင့်အတွက် ကျနော်အစွမ်းကုန်ကြိုးစားခပါရေ။ လက် လျှော့ဖိုဆိုစွာကို တခါလေ့ မတွေးခပါ။နောက်ဆုံးမှာ ကံမကောင်းစွာနန့် အဆုံးသတ်ခရပါရေ။ ဇာလောက်ပင်ဝေဖန်မှုတိဟိဟိ ပေါ်တူဂီအသင်း အတွက်လုံးဝ လက် မလျှော့ခ”ဟု ရော်နယ်ဒိုက ပြောသည်။
ရော်နယ်ဒိုသည် နောက်ဆုံး နှစ်ပွဲစလုံးတွင် အရန်နီရာက ကဇတ်ခရရေအတွက် အသင်းကထွက်ခွာလားဖို့ဟိကြောင်း သတင်းတိထွက်ပေါ်ခသည်။
ယင်းသတင်းနန့်ပတ်သက်လို့ မော်ရိုကို အသင်းအား ယှုံးနိမ့်ပြီးနောက်ပိုင်းတွင် ပေါ်တူဂီအသင်းအပေါ်ထားသည့်သူ၏ သဘောထားကို ပထမဆုံးအကြိမ်အဖြစ် အဂုပိုင် ထုတ် ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
Photo- The Japan Times