
APM၊ ဒီဇမ်ဘာ ၁၂/၂၀၂၂
ကျောက်တော်မဟာမုနိဘုရားသို့ ဘုရားဖူးခရီးသည်များအီးချမ်းစွာ ဘုရားဖူးလာရောက်နိုင်ရီးအတွက် ဘုရားပရဝုဏ်အတွင်း၌ စခန်းချတပ်စွဲထားသော မြန်မာစစ်တပ်စခန်းများအား ဖယ်ယှားပီးရန် ဒေသခံရက္ခိုင်ပြည်သူများက တောင်းဆိုလိုက် သည်။
ဒေဂုကာလသည်ဘုရားဖူးရာသီဖြစ် ပြီး၊မဟာမုနိသို့ ဘုရားဖူးခရီး သည်များ နိညည့်မပြတ် လာရောက်ဖူးမြော််နီကတ်သည့် အချိန်လေ့ဖြစ်သည်။
မဟာမုနိဘုရားပရဝုဏ်အတွင်း၌ မြန်မာစစ်တပ်က တပ်စွဲနီရာယူ ထား၍ ဘုရားဖူးခရီးသည်များ မလာဝံ့ဘဲ ဟိနီကတ်သည့်အတွက် မြန်မာစစ်တပ်စခန်းများကို တခြားနီရာသို့ ရွှိ့ပြောင်းပီးစီလိုကြောင်း ဒေသခံများက ဆိုသည်။
ကျောက်တော်မဟာမုနိသမိုင်းဝင်တန်ခိုးကြီးဘုရားသည် ကျောက်တော်မြို့ အရှိဖက် ၅ မိုင်အကွာတွင် တည်ဟိပြီး ရက္ခိုင်အမျိုးသားများ အထွဋ်အမြတ်ထားရာ ရှေးဟောင်းယဉ်ကျေးမှုအမွီအနှစ်ဖြစ်သည်။
မဟာမုနိဘုရား၌ ဒေနှစ် မေ ၂၇ ရက်နိမှစ၍ မြန်မာစစ်တပ်၏ တပ်မ (၅၅) လက်အောက်ခံ ခလရ(၁၁၇) တပ်ရင်းမှ တပ်ဖွဲ့ဝင်များ တပ်စွဲနီထိုင်လျက်ဟိသည်။
