
APM၊ ဒီဇမ်ဘာ ၁၂/၂၀၂၂
မြန်မာစစ်တပ် ဖမ်းထားသည့် ကျောက်တော်မြို့နယ်မှ ဆန်စက်ပိုင်သျှင်တဦး နန့် ကားသမားတဦးကို စစ်တွေမြို့ နယ်တရားရုံးတွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နန့် အမှုဖွင့်ထားကြောင်း သိရသည်။
၁၇(၁)နန့်အမှုဖွင့်ခံထားရသူနှစ်ယောက်မှာ ကျောက်တော်မြို့နယ်၊ကာဒီရွာ(ခ)သဇင်ရွာမှ ဆန်စက်ပိုင်သျှင် ဦးလှ မောင်သန်း(၄၃နှစ်) နန့် အပေါက်ဝကျေးရွာမှ စစ်တွေ-ကျောက်တော် လိုင်းကားဆွဲနီသူ ဦးမောင်ချေ (၃၉နှစ်) ရို့ ဖြစ်ကတ်သည်။
သူရို့နှစ်ယောက်ကို ကုန်ခသည့် အောက်တိုဘာ ၂ ရက်နိ၌ ကန်စောက်အခြီစိုက် မြန်မာစစ်တပ် ခမရ (၅၃၉) တပ်ရင်းမှူးက ဖုန်းဆက်ခေါ်၍ လားရောက်ရာမှ ပြန်မလွှတ်ဘဲ ဖမ်းထားခခြင်းဖြစ်သည်။
ယင်းနောက် မိသားစုနန့်အဆက်အသွယ်မရဘဲ ၁ လကျော်ကြာ ထိန်းသိမ်းစစ်ဆီးခပြီး၊ နိုဗမ်ဘာ၂၀ ရက်နိမှာ စစ်တွေ အမှတ်(၁) ရဲစခန်းသို့ လွှဲပြောင်းကာ စစ်တွေမြို့ နယ်တရားရုံး၌ ပုဒ်မ ၁၇ (၁)နန့် အမှုဖွင့်တရားစွဲထား ကြောင်း မိသားစုဝင်များက ဆိုသည်။
လက်ဟိတွင် ဦးလှမောင်သန်းနန့် ဦးမောင်ချေရို့ကို စစ်တွေ အမှတ်(၁) ရဲစခန်း၌ ချုပ်နှောင်ထားလျက်၊ ဒီဇမ်ဘာ ၆ ရက်နိက စစ်တွေမြို့နယ်တရားရုံးတွင် ချုပ်ရမန်ယူခပြီး၊ လာမည့် ဒီဇမ်ဘာ ၁၉ ရက်နိတွင် ထပ်မံ ရုံးချိန်းထား ကြောင်းသိရသည်။
