
APM၊ နိုဗမ်ဘာ ၁၂/၂၀၂၂
ဒေနိ(နိုဗမ်ဘာ ၁၂ ရက်နိ) ညဇာ ၅ နာရီအချိန်တွင် စစ်ကောင်စီတပ်သားများက ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးရွာသား ၄ ယောက်ကို လက်ပြန် ကြိုးတုပ်လျက် လူမဆန်စွာရက်ရက်စက်စက် ရိုက်နှက်ဖမ်း ဆီးခေါ်ဆောင်လားကြောင်းသိရသည်။
အဖမ်းခံရသူများမှာ ဦးမောင်ဝင်းကျိုင်(၅၆နှစ်)၊ ဦးမောင်သိန်း(၅၂နှစ်)၊ ဦးဦးမောင်သိန်း(၄၈နှစ်)နန့် ဦးဂျော်ဂျီအောင် (၅၇နှစ်) ရို့ဖြစ်ကတ်သည်။
စစ်ကောင်စီတပ်သားများသည် ဒေနိ မိုးထ ၁၀ နာရီအချိန်မှစ၍ တန်းခိုးရွာအတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများ အသုံးပြုပစ်ခတ်လျက် စီးနင်းဝင်ရောက်လာပြီး ဦးမောင်ဝင်းကျိုင်၊ ဦးမောင်သိန်း၊ ဦးဦးမောင်သိန်းနန့် ဦးဂျော်ဂျီအောင်ရို့အပါအဝင် ရွာ သား ၅ ယောက်ကို ဖမ်းဆီးရိုက်နှက် စစ်ဆီးမှုများ ပြုလုပ်ခသည်။
ယင်းနောက် ညဇာ ၅ နာရီအချိန်တွင် တယောက်ပြန်လွှတ်ပီးလိုက်ပြီး ဦးမောင်ဝင်းကျိုင်၊ ဦးမောင်သိန်း၊ ဦးဦးမောင်သိန်းနန့် ဦးဂျော်ဂျီအောင်ရို့ ၄ယောက်ကို ပုဏ္ဏားကျွန်းမြို့ဖက်သို့ လက်ပြန်ကြိုးတုပ်လျက်ရက်ရက်စက်စက်ရိုက်နှက်ခေါ်ဆောင်လားကြောင်း သိရသည်။
ယင်းအပြင် အဆိုပါစစ်ကောင်စီတပ်သားများသည် တန်းခိုးရွာထဲဟိ ဈီးဆိုင်များထဲမှ အရက်၊ ဘီယာ၊ ဖိနပ် စသည့် လူအသုံးအဆောင်ပစ္စည်းများ၊ ဆန်၊ဆီ၊ဆား စသည့် အခြီခံစားသောက်ကုန်များနန့် ရွာသားများပိုင်ဆိုင်သည့် ကြက်များကိုလေ့ ခိုးယူလားခသည်။
ဒေနိမိုးထကစစ်ကောင်စီတပ်၏ လက်နက်ကြီးများ၊ ဒရုန်းများ အသုံးပြု ပစ်ခတ်လိုက်သည့်လက်နက် ကြီးကျည်များသည် တန်ခိုးစာကြည့်တိုက်နန့် ရွာနား ပတ်ဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခပြီး ရွာသားများအားလုံးလေ့ နီးစပ်ရာသို့ တိမ်းယှောင်နီကတ်ရကြောင်း သိဟိရပါသည်။
