APM၊ နိုဗမ်ဘာ ၁၂/ ၂၀၂၂
ကျောက်ဖြူမြို့တွင် နိုဗမ်ဘာ ၁၁ ရက်နိ၌ အပြစ်မဲ့အရပ်သားပြည်သူတယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးလားကြောင်းသိရသည်။
အဖမ်းခံရသူမှာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ် ကွက်၊ မြို့ပတ်လမ်းမှ ဦးကျော်လှအောင်(၄၂နှစ်) ဖြစ်သည်။
ဦးကျော်လှအောင်သည် နိုဗမ်ဘာ ၁၁ ရက်နိ နိခင်း ၂ နာရီအချိန်ခန့်၌ ကျောက်ဖြူမြို့၊အရှိပိုင်းရပ် ကွက်၊ ဖြတ်လမ်း(၆)ဟိ နဒီထွန်းစားသောက်ဆိုင်၌ ဟိနီစဉ် ကျောက်ဖြူအခြီစိုက်စစ်ကောင်စီတပ်ခလရ(၃၄)တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅ ယောက်ခန့်က အရပ်ဝတ်များဝတ်ဆင်လျက် အိမ်စီးကားတစီးဖြင့် လာရောက်၍ ဆိုင်အတွင်းသို့ ဝင်ဖမ်းခခြင်းဖြစ်သည်။
ယင်းနောက် ဦးကျော်လှအောင်ကို ခလရ (၃၄) တပ် ရင်းထဲသို့ ရိုက်နှက် နှိပ်စက်လျက် ခေါ်ဆောင်လားကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီတပ် ခလရ (၃၄) တပ်ရင်းသည် စပ်တမ်ဘာ ၇ ရက်နိမှ နိုဗမ်ဘာ ၁၁ ရက်နိ အထိ ကာ လ အတွင်း ကျောက်ဖြူမှ အပြစ်မဲ့အရပ်သားပြည်သူ ၃၆ ယောက်ထက်မနည်းကို အကြောင်းအမျိုးမျိုး ပြ၍ ဖမ်းဆီးထိန်းသိမ်းခပြီး၊ပုဒ်မအမျိုးမျိုးတပ်ကာ မတရား သဖြင့် အမှုဖွင့် တရားစွဲဆိုလျက်ဟိကြောင်း သိဟိရသည်။