APM၊ နိုဗမ်ဘာ ၁၂/ ၂၀၂၂
မင်းပြားတွင် နိုဗမ်ဘာ ၁၁ ရက်နိ ညည့် ၁၀ နာရီခွဲ ခန့်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောင်မြေကုန်းဆရာတော် နန့်တကွ လူ ၆ ယောက်ကို ဖမ်းယူလားခကြောင်း သိရသည်။
အဖမ်းခံရသူများမှာ မင်းပြားမြို့၊ဈီးဟောင်းပိုင်းရပ် ကွက်ဟိအောင်မြေကုန်းကျောင်းတိုက်မှဆရာတော် အသျှင် ဘဒ္ဒန္တ ဝရမဉ္ဇူ၊ အလယ်ပိုင်း ရပ်ကွက်မှ ဦးကျော်နုမောင်၊ ဦးမောင်ထွန်းသိန်း၊ ဦးအောင်မြင့်ထွန်း၊မြို့သစ်ရပ်ကွက်မှဦးကျော်ဆန်းဦး၊ပြည်တော်အေးရပ်ကွက်မှ ဦးဝင်းထွန်းဦးနန့် ဦးဇေယျာ ရို့ဖြစ်ကတ်သည်။
မင်းပြားအခြီစိုက် စစ်ကောင်စီတပ် ခမရ(၅၄၁)တပ် ရင်းမှ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ခန့်သည် မင်းပြားမြို့ပေါ်က လူနီအိမ်ရပ်ကွက်များကို ညည့်အချိန် ၌ စစ်ကြောင်းထိုး စီးနင်းဝင်ရောက်လျက် စစ်ဆီးမှုများ ပြုလုပ်ခပြီးနောက် သူရို့အားလုံးကို ဖမ်းဆီးလားခခြင်းဖြစ်သည်။
ယင်းနောက် အောင်မြေကုန်းဆရာတော် ဘဒ္ဒန္တ ဝရမဉ္ဇူ၊ ဦးကျော်နုမောင်၊ ဦးမောင်ထွန်းသိန်းရို့ကို ခမရ (၅၄၁)တပ်ရင်းသို့ ခေါ်ဆောင်လားပြီး၊ ကျန်လူများကိုတော့မင်းပြားမြို့မရဲစခန်းတွင် ထိန်းသိမ်း ထားကြောင်း သိရသည်။
ယင်းအပြင် ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဈီးဟောင်းပိုင်းရပ်ကွက်ဟိ ဓမ္မပီယကျောင်းတိုက်နန့် နီအိမ်တချို့ကိုလေ့ ဝင်ရောက်မွှီနှောက်ရှာဖွီမှုများပြုလုပ်ခသိမ့်သည်။
စစ်ကောင်စီသည် ရက္ခိုင်ပြည်မြို့နယ် အသီးသီး၌ ရပ်ရွာအုပ်ချုပ်ရီးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတသမားများ၊ ဆရာတော်သံဃာတော်များအ ပါအဝင်အပြစ်မဲ့အရပ်သားပြည်သူများကိုမတရား ဖမ်းဆီး၍ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုလျက် ဟိကြောင်းသိရသည်။