APM၊ နိုဗမ်ဘာ ၁၂/၂၀၂၂
ဒေနိ(နိုဗမ်ဘာ ၁၂) ရက်နိ၌ ကျောက်ဖြူမြို့နယ်၊ ကုလာဘာရွာမှ အပြစ်မဲ့ပြည်သူနှစ်ယောက်ကို
စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ်ဖမ်းဆီးခေါ်ဆောင်လားကြောင်း သိရသည်။
အဖမ်းခံရသူများမှာ ဦးဇော်မျိုးထွန်း (၃၄နှစ်)နန့် ဦးအောင် မျိုးဝင်း(၃၄နှစ်)ရို့ဖြစ်ကတ်သည်။
ကျောက်ဖြူအခြီစိုက်စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များဖြစ်သည့် ခလရ(၃၄)၊ ခမရ(၅၄၂)၊ ခမရ(၅၄၃) ရို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀ ခန့်သည် ဒေနိမိုးထ ၅နာရီအချိန်တွင် အိမ်စီးကား ၅စီးဖြင့်ကုလာဘာရွာထဲသို့ စီးနင်း ဝင်ရောက်လာပြီး ဦးဇော်မျိုးထွန်း နန့် ဦးအောင်မျိုးဝင်းရို့နှစ်ယောက်ကို လက် နက်ငယ် ၁၀ ချက်ခန့် ပစ်ခတ်၍ဖမ်းဆီးခခြင်းဖြစ် သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းဟိ နီအိမ်တချို့ကို ဝင်ရောက်မွှနှောက်ရှာဖွီလျက် ရီခဲသေတ္တာ၊ အိုးခွတ် ပန်းကန်များအပါအဝင် လူအသုံးအဆောင်ပစ္စည်းများအား ယူဆောင်လားသည့်အပြင် ဦးအောင်မျိုးဝင်းပိုင်ဆိုင်သည့် ဆိုင်ကယ်ဝက်ချော့ဆိုင်မှ ပြုပြင်ရန် အပ်နှံထားသည့် ဆိုင်ကယ် ၄ စီးကိုလေ့ အတင်းအဓမ္မ လုယူလားခသည်။
ယင်းနောက် ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဦးဇော်မျိုးထွန်း၊ ဦးအောင်မျိုးဝင်းရို့နှစ်ယောက်နန့်အတူ ရီခဲသေတ္တာ၊ အိုးခွတ် ပန်းကန်များနန့် ဆိုင်ကယ်များကို ကားဖြင့်တင်ဆောင်လျက် ခလရ(၃၄) တပ်ရင်းသို့ ယူဆောင်လားကြောင်း သိရသည်။
စစ်ကောင်စီသည် စပ်တမ်ဘာ ၇ ရက်နိမှ နိုဗမ်ဘာ ၁၂ရက်နိအထိ ကာလအတွင်း ကျောက်ဖြူမှ အပြစ် မဲ့အရပ်သားပြည်သူ ၃၈ ယောက်ထက်မနည်းကို အကြောင်းအမျိုးမျိုး ပြ၍ ဖမ်းဆီးထိန်းသိမ်းခပြီး၊ ပုဒ်မအမျိုးမျိုးတပ်ကာ မတရား သဖြင့် အမှုဖွင့် တရားစွဲဆိုလျက်ဟိကြောင်း သိဟိရသည်။