APM၊ နိုဗမ်ဘာ ၁၂/၂၀၂၂
ဘူးသီးတောင်မြို့တွင် ဒေနိ(နိုဗမ်ဘာ ၁၂ ရက်နိ) နိခင်း ၁ နာရီခွဲအချိန်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မူဆလင် နှစ်ယောက်ကို ငွေ ကျပ်သိန်း ၆၀၀ နန့်အတူ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်လားခသည်။
အဖမ်းခံရသူများမှာ ဘူးသီးတောင်မြို့နယ်၊ ဝက်မကျ(မူဆလင်)ရွာမှ (ဖ)အာမီဟူဆောင်း၏သား ဦးချောင်ချု အာလောမ် (၅၀နှစ်) နန့် (ဖ)အီဆ့၏သား ဦးအီဆူး(၄၉နှစ်)ရို့ဖြစ်သည်။
ဦးချောင်ချုအာလောမ်နန့် ဦးအီဆူးရို့သည် ကျွဲ၊ နွားခရီးသည်များဖြစ်ပြီး နွားရောင်းထားသည့် ငွေ ကျပ်သိန်း ၆၀၀ ကိုဘူးသီးတောင်သို လားရောက်ယူ ဆောင်၍ ပြန်လာရာ၌ ဘူးသီးတောင်မြို့၊ အမှတ် (၇) ရပ်ကွက်၊ ရဲကင်းစခန်းဟိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နွားရောင်းရငွေ ကျပ်သိန်း ၆၀၀ နန့်အတူ သူရို့နှစ်ယောက်ကို ပြင်းထန်စွာ ညှင်းပမ်း နှိပ်စက်၍ ဖမ်းဆီးထားလိုက်သည်။
ယင်းနောက် ဦးချောင်ချုအာလောမ်နန့် ဦးအီဆူးရို့ကို ဘူးသီးတောင်အခြီစိုက်အမှတ်(၁) “အခြီချစစ်ဗျူဟာ”သို့ စစ်ကားနှစ်စီးဖြင့် လူမဆန်စွာ ရိုက်နှက်ခေါ်ဆောင်လားခသည်။
စစ်ကောင်စီတပ်သည် ရက္ခိုင်ပြည်၌ အပြစ်မဲ့ပြည်သူများကို အကြောက်တရားရစီရန် ရည်ရွယ်ချက်ဖြင့် မတရားဖမ်းဆီးမှုများကို တစိုက်မတ်မတ်ပြု လုပ်နီသကဲ့သို ငွေကြေးရလိုမှုဖြင့် မတရားဖမ်းဆီးပြန်ပီးဆွဲသည့် လုပ်ရပ်များကိုလေ့ ဆက်တိုက်လုပ် ဆောင်လျက်ဟိသည်။
ဘူးသီးတောင်၊မောင်တောဒေသတွင်လေ့စစ်ကောင် စီသည် အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီးရာ၌ ငွေကို ယူ၍ လူကိုပြန်လွှတ်ပီးသည့် လုပ်ရပ်၊ လူဖမ်းထား၍ ငွေနန့် အလှဲအလှယ်လုပ်သည့် ပြန်ပီးဆွဲလုပ်ရပ်များကို လူမဆန်စွာ လုပ်ဆောင်နီသကဲ့သို ငွေကိုလေ့ယူ၊ လူကိုလေ့ ပြန်မလွှတ်သည့် စက်ဆုပ်ရွံချာဖွယ်လုပ်ရပ်များကိုလေ့ လုပ်ဆောင် နီကတ်ကြောင်း အခိုင်အမာသိရသည်။