APM၊ နိုဗမ်ဘာ ၁၂/၂၀၂၂
မြောက်ဦးမြို့နယ်တွင် ဒေနိ(နိုဗမ်ဘာ ၁၂ ရက်နိ)၌ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ယောက် ဒဏ်ရာရဟိလားကြောင့် သိရသည်။
ဒဏ်ရာရလားသူ ၂ ယောက်မှာ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ရွာမှ မောင်ကိုခိုင်ဝင်း(၁၁နှစ်) နန့် ဒေါ်မတင်သိန်း(၅၅နှစ်)ရို့ဖြစ်ကတ်သည်။
မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာနားဟိ တောင်ဖြူတောင်တွင်တပ်စွဲထားသော စစ်ကောင်စီတပ် ခမရ (၅၄၀)နန့် အမတ (၂၃၆) ပူးပေါင်းတပ်မှ ဒေနိ မိုးထ ၉နာရီခွဲခန့်တွင်ကျောင်းတောင်ရွာဖက်သို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခခြင်း ဖြစ်သည်။
ယင်းလက်နက်ကြီးကျည်သည် ကျောင်းတောင်ရွာထဲသို့ ကျရောက် ပေါက်ကွဲခပြီး မောင်ကိုခိုင်ဝင်းတွင်ဘေးစ၊ဒေါ်မတင်သိန်းတွင် ခြီထောက်ရို့ ၌ ဒဏ် ရာအသီးသီးရလားကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် ရက္ခိုင်ပြည်မြို့နယ်အသီးသီး ၌ ဂျက်တိုက်လီယာဉ်များ၊ စစ်ရဟတ်ယာဉ်များ၊ ဒရုန်းများနန့်လက်နက်ကြီးများအသုံးပြုလျက် အပြစ် မဲ့ပြည်သူ များ နီထိုင်ရာရပ်ရွာများသို့ ရည်ရွယ်ချက် ဟိဟိနိစဉ်ရက်ဆက်ပစ်ခတ်တိုက်ခိုက်နီသည့်အပြင် နီအိမ်များအား မီးတိုက်ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာ အဖြစ် အသုံးပြုခြင်းများကိုပါ တစိုက်မတ်မတ် ပြုလုပ်လျက်ဟိကြောင်း သိဟိရသည်။