APM ၊ စပ်တမ်ဘာ ၁၂ / ၂၀၂၃
မြန်မာပြည်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)နန့် တရားစွဲခံထားရရေ ကျောက်တော်က လူထုဇော်ဝင်း အပါအဝင် ဒေသခံ ၃ ယောက်အမှုကို ဒေနိ (စပ်တမ်ဘာ ၁၂ရက်နိ) ကျောက်တော်မြို့နယ်တရားရုံးမာ ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီး ဦးအောင်ကျော်သူက လိုပြသက်သီမရောက်လို့အကြောင်းပြကာ မစစ်ခဘဲ ရုံးချိန်း အသီးသီး ထပ်ရွှိလိုက်ကြောင်း သိရပါရေ။
ပုဒ်မ ၅၀၅(က)နန့် တရားစွဲခံထားရလူတိမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်က ဦးဇော်ဝင်း(ခေါ်) လူထုဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာက ဦးကျော်သန်းမောင်နန့် ပန်းဖဲချောင်းရွာက ကိုဇော်မိုးထက်ရို့ ဖြစ်ကတ်ပါရေ။
အမှုကို ဒေနိမိုးထက ကျောက်တော်မြို့နယ်တရားရုံးမာ ရုံးထုတ်ခကေလေ့၊ မြို့နယ်တရားသူကြီး ဦးအောင်ကျော်သူက လိုပြသက်သီမရောက်လို့ အကြောင်းပြပနာ မစစ်ခဘဲ ဦးကျော်သန်းမောင်နန့် ကိုဇော်မိုးထက်ရို့ကို စပ်တမ်ဘာ ၁၅ ရက်နိ၊ ဦးဇော်ဝင်းကို စပ်တမ်ဘာ ၂၆ ရက်နိသို့ ရုံးချိန်း အသီးသီးထပ်ရွှိလိုက်တေလို့ သိရပါရေ။
ကုန်ခရေ ၂၀၂၂ ခုနှစ်၊ ဂျုန်လမာ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တိက ဦးဇော်ဝင်း၊ ဦးကျော်သန်းမောင်နန့် ကိုဇော်မိုးထက်ရို့ကို အကြောင်းအမျိုးမျိုးပပြပနာ ဖမ်းဆီးခပြီးကေ ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်တေလို စွပ်စွဲကာ ပုဒ်မ ၅၀၅ (က) နန့် တရားစွဲဆိုထားခစွာပါ။
လက်ဟိ သူရို့ ၃ ယောက်ကို ကျောက်တော်မြို့မရဲစခန်းမာ ချုပ်နှောင်ထားကြောင်း သိရပါရေ။