
APM ၊ စပ်တမ်ဘာ ၁၂ / ၂၀၂၃
မော်ရိုကိုနိုင်ငံမာ ကုန်ခရေ စပ်တမ်ဘာ ၈ ရက်နိက လှုပ်ခတ်လားရေ အင်အားပြင်းငယင်ကြောင့် စပ်တမ်ဘာ ၁၁ရက်နိအထိ သီဆုံးလူ ၂၈၀၀ ကျော်ဟိလာကြောင်း မော်ရိုကို ပြည်ထဲရီးဝန်ကြီးဌာနက ထုတ်ပြန်ထားပါရေ။
ပြင်းအားရစ်ချ်တာစကေး ၆.၈ အဆင့်ဟိ အဆိုပါ အင်အားပြင်း ငယင်လှုပ်ခတ်ခပြီးနောက် ကယ်ဆယ်ရီးသမားတိက ၃ ရက်ကြာ ရှာဖွီကယ်ဆယ်ရီးလုပ်ခစွာမာ သီဆုံးလူ ၂၈၆၂ ယောက်နန့် ထိခိုက်ဒဏ်ရာရလူ ၂,၅၆၂ ယောက်ဟိ လာစွာဖြစ်ပါရေ။
အတ်သလိစ်တောင်တန်းဒေသကို ဗဟိုပြုတိုက်ခတ်ခရေ ယင်းငယင်ကြောင့် ငယင်ဗဟိုချက်နန့်ပါးရေ မာရကက်ချ်မြိုနန့် ပြည်နယ်ငါးခုမာ သီဆုံးဒဏ်ရာရမှုဖြစ်ပေါ်ခစွာဖြစ်ပြီးကေ အပျက်အစီးတိလည်း ဆိုးဆိုးရွားရွားဖြစ်ခပါရေ။
လက်ဟိမာ စပိန်၊ ဗြိတိန်နန့် ကာတာနိုင်ငံရို့က ကယ်ဆယ်ရီးအဖွဲ့တိလည်း မော်ရိုကို ကယ်ဆယ်ရီးအဖွဲ့တိနန့် ပူးပေါင်း ပြီးကေ ရှာဖွီကယ်ဆယ်ရီးလုပ်ငန်းတိမာ ပါဝင်လုပ်ဆောင်နီကတ်တေလို့ သိရပါရေ။
ကုန်ခရေ ၂၀၀၄ ခုနှစ်ကလည်း မော်ရိုကိုအရှိမြောက်ပိုင်း၊ အယ်လ် ဟိုချီမာမြိုမာ အင်အားပြင်း ငယင်လှုပ်ခစွာကြောင့် အနည်းဆုံး လူ ၆၂၈ ယောက်သီဆုံးပြီးကေ ၉၂၆ ယောက် ထိခိုက်ဒဏ်ရာရဟိခပါရေ။
Source – Death toll from Morocco earthquake surpasses 2,800
Photo – AFP


